၂၀၂၄ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ အုပ်စု နောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် အင်ဒိုနီရှားအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့ နိုဝင်ဘာ (၆) ရက် မွန်းလွဲပိုင်းအချိန်က အုပ်စုတွင်း နောက်ဆုံးကျန်ရှိသည့် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ၊ အင်ဒိုနီးရှားအသင်းက (၅) ဂိုး (၁)ဂိုး ဖြင့် အုပ်စုဗိုလ်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှားအသင်းအား သရေကစားနိုင်ပါက ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဖြစ်သော်လည်း အလှမ်းဝေးခဲ့ပြီဖြစ်သည်။
ယနေ့ ပွဲစဉ်အပြီး မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Bunlert Cheorawong က ” ပထမဆုံး အနေနဲ့ ဆီမီးဖိုင်နယ် တက်သွားတဲ့ အင်ဒိုနီးရှားနဲ့ ဩစတြေးလျအသင်းတို့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ဆီးမီးဖိုင်နယ်ကို မရောက်ရှိခဲ့တဲ့ အတွက်တော့ ဖူဆယ်ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ အုပ်စုမှာ ပြိုင်ဘက်တိုင်းက တောင့်တင်းကြပါတယ်။ ကျွန်တော်တို့အမှားတွေကိုလည်း ပြင်ဆင်သွားပါမယ်။ ဒါပေမဲ့ အနာဂတ် ဖူဆယ်လောကအတွက် ငယ်ရွယ်တဲ့ ကစားသမားတွေကို စမ်းသပ်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ် “ဟု ပြောကြားသည်။
မြန်မာလက်ရွေးစင် ဖူဆယ်အသင်းသည် ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ်တွင် (၅) ဂိုး (၄) ဂိုးဖြင့် အနိုင်ရခဲ့သလို အင်ဒိုနီးရှားနှင့် ဩစတြေးလျအသင်းနှင့် ပွဲစဉ်တွင် အင်ဒိုနီးရှားက (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းကြောင့် အင်ဒိုနီးရှားအသင်းက (၆) မှတ်၊ မြန်မာအသင်းက (၄) မှတ်ဖြင့် အုပ်စုတွင်း ပထမနှင့် ဒုတိယနေရာများတွင် ရပ်တည်နေခဲ့ကြသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
