ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of Conservation Report ကို ယခုနှစ် ဒီဇင်ဘာလ မတိုင်မီ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၏ ပြောကြားချက်အရ သိရသည်။
နိုဝင်ဘာ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဆဋ္ဌမအကြိမ် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများက အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ပုဂံရှေးဟောင်း အမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ခု ရှိပြီး ပုဂံကမ္ဘာ့အမွေအနှစ်ဒေသနှင့် ပတ်သက်သည့် State of Conservation Report ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးနှင့် တိုးပွားလာသည့် လူဦးရေအတွက် မပြီးပြတ်သေးသည့် Conceptual Regional Plan ကိုလည်း ပြီးပြတ်အောင် ဆက်လက်ရေးဆွဲရန် ပြောကြားခဲ့သည်။
ထို့ပြင် အစည်းအဝေးသို့ တက်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲနိုင်ရေးဆောင်ရွက်နေမှုအပါအဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်များကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်းလည်း သိရသည်။











-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
