တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang မှ ယနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ကာ အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုချီးကျူးပြီး တရုတ်နိုင်ငံအနေဖြင့် နစက မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုထောက်ခံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဆန္ဒပြုကူညီသွားမည်ဟု ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကာ တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားသည်။
အလားတူ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။
” တရုတ်-မြန်မာ ဆက်ဆံရေးနဲ့နိုင်ငံရေးအရ ယုံကြည်မှုတွေ ပိုမိုတိုးတက်လာစေဖို့ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားပါမယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဟာ ထိပ်တန်းစီမံကိန်းဖြစ်တာကြောင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်-မြန်မာနယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်၍ နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
