UFC ဝယ်လ်တာဝိတ်တန်း ချန်ပီယံ အမေရိကန် MMA ကစားသမား ဘီလားမိုဟာမက်သည် ခြေချောင်း ဒဏ်ရာကြောင့် ဒီဇင်ဘာတွင် ကျင်းပမည့် UFC 310 ပြိုင်ပွဲမှ နုတ်ထွက် ခဲ့ပြီးနောက် နာမည်ကျော် MMA ကစားသမား မက်ဂရီဂေါ်နှင့် အွန်လိုင်း တွင် အချင်းများခဲ့ကြောင်းသိရသည်။
မက်ဂရီဂေါ်က စတင်ပြီးလှောင်ပြောင်ခဲ့ရာမှ အပြန်အလှန် စကားစစ် ထိုးခဲ့ကြပြီး မက်ဂရီဂေါ်သည် ယခင်ကလည်း ယခုကဲ့သို့ ဘီလားမိုဟာမက်ကို တိုက်ခိုက်ခဲ့ဖူးသည်။ အသက်(၃၆)နှစ်ရှိပြီဖြစ်သူ ဘီလားမိုဟာမက် သည် ပထမဆုံး ချန်ပီယံကာကွယ်ပွဲ အဖြစ် ရှုံးပွဲမရှိသေးသည့် ကာဇက်စတန် MMA ကစားသမား ရှက်ဗ်ခက်ရာမိုနော့ဗ်နှင့် UFC 310 ပြိုင်ပွဲတွင် ခေါင်တွဲဆိုင်းထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ၎င်းအနေဖြင့် ခြေချောင်း(ခြေခလယ်)တွင် အရိုးပိုး ဝင်မှုကြောင့် အနည်းဆုံး(၆)ပတ်ကြာ အနားယူရမည်ဖြစ်ကြောင်း ဘီလားမိုဟာမက်က လူမှုမီဒီယာ X မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။
"ကျွန်တော့် ခြေချောင်းမှာ အရိုးပိုးဝင်သွားတာပါ။ ပဋိဇီဝဆေးအတွက် လက်မောင်းမှာ ပိုက်တပ်ထားရပြီး နောက်ထပ် ခြောက်ပတ် ကိုယ်လက်လှုပ်ရှားမှုလုပ်လို့မရပါဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ အစီအစဉ်က အကောင်းဆုံးပါပဲ။ ကျွန်တော့်ကိုကြည့်ချင်လို့ လာကြမယ့် သူတွေအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် မကြာခင်ပြန်လာမှာပါ" ဟု ၎င်းက ဆိုသည်။
UFC 310 ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်တွင် T-Mobile Arena ၌ ကျင်းပမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
