ဘာစီလိုနာအသင်းနောက်ခံလူ ခွန်ဒဲကို ယူရိုသန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန် PSG အသင်း အသင့်ရှိနေ
24htopnews | November 7, 2024 2:12 AM CST
PSG အသင်းသည် ဘာစီလိုနာအသင်းမှ ပြင်သစ်နောက်ခံလူ ခွန်ဒဲကို ယူရိုသန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း စပိန်မီဒီယာ Fichajes က ဖော်ပြခဲ့သည်။
ခွန်ဒဲ သည် ဘာစီလိုနာအသင်း၏ အမာခံကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ၎င်း၏ စိတ်ကြိုက်နေရာဖြစ်သည့် ခံစစ်အတွင်းလူအဖြစ် ကစားရခြင်းမရှိပေ။
PSG အသင်းက ၎င်းကို ခေါ်ယူရန် ကမ်းလှမ်းရာတွင် ခံစစ်အတွင်းလူအဖြစ် ကစားရမည့် အခွင့်အရေးပေးမည်ဟူသည့် အချက်ကို ထည့်သွင်းကမ်းလှမ်းဖွယ်ရှိကြောင်းလည်း Fichajes က ဖော်ပြခဲ့သည်။
ခွန်ဒဲသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့်အပြင် ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားသည်။
၎င်းသည် ဘာစီလိုနာအသင်းအတွက် ယခုရာသီတွင် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားကာ ၁ ဂိုး သွင်းယူပေးထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
