မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် တိုက်စစ်မှူး အောင်သူ၏ ဒဏ်ရာအခြေအနေအပေါ်မူတည်၍ အသင်းလူစာရင်းတွင် ပြန်လည်ရွေးချယ်ရန် စီစဉ်ထားကြောင်း သိရသည်။
အောင်သူသည် ထိုင်းကလပ် အူထိုင်းထာနီအသင်းတွင်ရရှိသည့် ဒူးဒဏ်ရာကို ပြီးခဲ့သည့်လက ခွဲစိတ်ကုသမှုခံယူခဲ့သောကြောင့် မြန်မာ့လက်ရွေးစင်အသင်း၏ အောက်တိုဘာနှင့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားသည့် နိုင်ငံတကာခြေစမ်း ပွဲများကို လွဲချော်လျက်ရှိသည်။
သို့သော် အောင်သူသည် အူထိုင်းထာနီအသင်းတွင် အပေါ့စားလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သောကြောင့် ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ ASEAN Cup ပြိုင်ပွဲတွင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေသည်။ ထို့ကြောင့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် အောင်သူ၏ဒဏ်ရာအခြေအနေမှာ ASEAN Cup ပြိုင်ပွဲအမီ ပြန်လည်ကောင်းမွန်ပါက အသင်းလူစာရင်းတွင် ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဦးမျိုးလှိုင်ဝင်းက "လာမယ့် ASEAN Cup ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ အောင်သူ ကို ပြန်လည်ရွေးချယ်ဖို့ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒဏ်ရာအခြေအနေအပေါ် မူတည်ပါတယ်။ ဒဏ်ရာက ပြိုင်ပွဲအမီပြန်ကောင်းနိုင်မယ်ဆိုရင် လူစာရင်းမှာ ရွေးချယ်မှာပါ"ဟု ပြောကြားခဲ့သည်။
အောင်သူသည် လက်ရွေးစင်အသင်းအတွက် ဂိုးမသွင်းယူနိုင်သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ၂၀၂၃ မတ်လက ကစားသည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ကာဂျစ္စတန်အသင်းဘက်သို့ နောက်ဆုံးဂိုးသွင်းခဲ့ပြီး ယခုနှစ်အတွင်း ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာ ကစားရသေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
