ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ရီယိုဖာဒီနန်က မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပို့တင်းလစ္စဘွန်းအသင်းအား ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မန်ယူနည်းပြသစ် အာမိုရင်မ်ကို ကြောက်နေလောက်ပြီဟု နောက်ပြောင်ပြောကြားခဲ့သည်။
မန်ယူနည်းပြသစ်အဖြစ် ခန့်အပ်ခံရထားသည့် အာမိုရင်မ်သည် အင်္ဂါနေ့က ၎င်း၏စပို့တင်းလစ္စဘွန်းနည်းပြဘဝ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီး ပြိုင်ဘက်အသင်းမှာ မန်စီးတီးဖြစ်နေခြင်းကြောင်း ပရိသတ်များ၏စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။
အဆိုပါပွဲစဉ်၌ စပို့တင်းလစ္စဘွန်း အသင်းသည် အိမ်ကွင်းတွင် မန်စီးတီးအသင်းကို ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း (၄) ဂိုးပြန်သွင်းကာ ပွဲအပြီးတွင် (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းရှုံးပွဲမှာ မန်စီးတီးအတွက် ၂၀၂၀ စက်တင်ဘာနောက်ပိုင်းတွင် အဆိုးရွားဆုံးရှုံးပွဲ ဖြစ်ခဲ့သလို၊ ပြိုင်ပွဲစုံ (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ဂွါဒီယိုလာအနေဖြင့် မန်ယူနည်းပြသစ် အာမိုရင်မ်အား ကြောက်နေလောက်ပြီဖြစ်ကြောင်း နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။ ဖာဒီနန်က "ဒုတိယပိုင်းမှာ အာမိုရင်မ်ရဲ့အသင်း ပြောင်းလဲသွားပုံကို ကြည့်ပြီး ကျွန်တော် စိတ်လှုပ်ရှားခဲ့ရပါတယ်။ စပို့တင်းလစ္စဘွန်းဟာ ဒုတိယပိုင်းမှာ ပေါက်ကွဲအားအပြည့်၊ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ ကစားခဲ့တာပါ။ အဲဒီအရာတွေက လက်ရှိ မန်ယူအသင်း လိုနေတဲ့အရာတွေဖြစ်ပြီး အာမိုရင်မ်က အဲဒါတွေကို ယူဆောင်လာပါလိမ့်မယ်။ တကယ်လို့ ဒီပွဲ ကို လက်ရှိ မန်ယူကစားသမားတွေ မကြည့်ဘူးဆိုရင် သူတို့ အရူးတွေဖြစ်ပါလိမ့်မယ်။ မန်ယူကစားသမားတွေအနေနဲ့ အာမိုရင်မ် ဘယ်နေ့လာမလဲတောင် မေးနေလောက်ပါပြီ။ အာမိုရင်မ်ဟာ မန်ယူကို အလင်းရောင်တွေယူဆောင်လာပေးပါလိမ့်မယ်။ အချိန်တော့ ပေးရမှာပါ။ ဒါပေမဲ့ ပတ်(ဂွါဒီယိုလာ) ကတော့ သူ့ကို ကြောက်နေလောက်ပါပြီ"ဟု ဆိုခဲ့သည်။
အာမိုရင်မ်သည် နိုဝင်ဘာ (၁) ရက်တွင် မန်ယူအသင်း နည်းပြအဖြစ် (၂)နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရပြီး နိုဝင်ဘာ (၁၁)ရက်တွင် အသင်းကို စတင်ကိုင်တွယ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
