ဗြိတိန်လောင်းကစားဒိုင်အချို့သည် ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ဗိုလ်စွဲရန် ရေပန်းစားမှုတွင် လီဗာပူးလ်အသင်းကို ထည့်သွင်းလာခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် နာပိုလီအသင်းကို အဝေးကွင်း၌ (၁-၄) ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ် အုပ်စု (A) တွင် နာပိုလီ၊ အေဂျက်စ်၊ ရိန်းဂျားစ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိရာ နာပိုလီကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ဗြိတိန်လောင်းကစားဒိုင်အချို့က ယခုကဲ့သို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
၎င်းတို့က လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာရပြီး ယူရိုပါလိဂ်ပြိုင်ပွဲသို့ ကူးပြောင်း ယှဉ်ပြိုင်ရတော့မည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။
လောင်းကစားဒိုင်များက အာဆင်နယ်၊ မန်ယူနှင့် ရိုးမားတို့၏နောက်တွင် လီဗာပူးလ်အသင်းကို အလေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
