မန်စီးတီးအသင်း၏ တိုက်စစ်မှူးသစ် ဟော်လန်းသည် စီရော်နယ်လ်ဒို ၏ ချန်ပီယံလိဂ်ဂိုးသွင်းစံချိိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးခံနေရသည်။
ဟော်လန်းသည် ဆီဗီလာနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် (၂)ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုး(၂၅)ဂိုးကို အသက်အငယ်ဆုံး၊ ပွဲအနည်းဆုံးဖြင့် သွင်းယူနိုင်သောစံချိန်လည်း ရရှိခဲ့သည်။
ထို့ပြင် ၎င်းအနေဖြင့် မန်စီးတီးကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဆုဖလားမျှော်မှန်းနိုင်သည့်အသင်းထံ ရောက်ရှိလာခြင်းကြောင့် စီရော်နယ်လ်ဒို၏စံချိန်ကို ကျော်ဖြတ်နိုင်ခြေရှိသည်ဟု ထင်ကြေးပေးခံလာရခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဂိုးအများဆုံးသွင်းယူထားနိုင်သည့် ကစားသမားဖြစ်သည့်အပြင် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်လည်း (၁၇)ဂိုးဖြင့် စံချိန် တင်ထားသည်။
အဆိုပါစံချိန်ကို ဟော်လန်းက ကျော်ဖြတ်နိုင်လိမ့်မည်ဟု ထင်ကြေးပေးနေခြင်းလည်းဖြစ်သည်။
စီရော်နယ်လ်ဒို၏စံချိန်ကို ၂၀၁၉-၂၀ ရာသီတွင် လီဝန်ဒေါစကီးနှင့် ၂၀၂၁-၂၂ ရာသီတွင် ဘန်ဇီမာတို့က လိုက်မီရန် နီးစပ်ခဲ့သော်လည်း (၁၅)ဂိုးနှင့်သာ ရပ်တန့်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
