ချယ်လ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာက ထိပ်တန်းကစားသမားများနှင့် လက်တွဲအလုပ်လုပ်ခွင့်ရတော့မည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဘရိုက်တန်အ သင်းမှ အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာကို အသင်းနည်းပြအဖြစ် (၅)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးနည်း ပြသစ်ဖြစ်လာသည့် ဂရေဟမ်ပေါ်တာက "မယုံနိုင်လောက်တဲ့ ဂုဏ်ယူစရာပါပဲ။ စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ချယ်လ်ဆီးပိုင်ရှင်သစ်တွေနဲ့ လက်တွဲရမှာကိုရော ထိပ်တန်း ကစားသမားတွေနဲ့ လက်တွဲရမှာကိုရော အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီလိုအခွင့်အရေးကိုပေးခဲ့တဲ့ ဘရိုက်တန်အသင်းဥက္ကဋ္ဌနဲ့ ဘရိုက်တန်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဂရေဟမ်ပေါ်တာ(၄၇ နှစ်)သည် ယခုရာသီတွင် ဘရိုက်တန်အသင်းကို အမှတ်ပေးဇယားထိပ်ပိုင်း၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်သလို၊ ရာသီအဖွင့်ပွဲတွင် မန်ယူအသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်း၌ အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ဂရေဟမ်ပေါ်တာနှင့်အတူ ၎င်း၏နည်းပြအဖွဲ့ဝင်(၅)ဦးကိုလည်း ခေါ်ယူမည်ဖြစ်ပြီး ယင်းအတွက် ဘရိုက်တန်အသင်းအား စုစုပေါင်းလျော်ကြေးပေါင် သန်း(၂၀)ကျော်ပေးချေရမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
