မန်ယူအသင်းသည် ယခုရာသီတွင် အသင်းအတွက် ခြေစွမ်းပြကစားနေသည့် လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်အား စာချုပ် သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ရပ်ရှ်ဖို့ဒ်သည် လက်ရှိမန်ယူအ သင်း၏ လစာအများဆုံးရ ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး သူ၏လက်ရှိစာချုပ်မှာလည်း ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။
ရပ်ရှ်ဖို့ဒ်သည် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခြင်းကြောင့် စာချုပ်သစ်ချုပ်ဆိုရန် မရေမရာဖြစ်နေရာမှာ နည်းပြသစ် တန် ဟက်ဂ်လက်အောက်တွင် အကောင်း ဆုံးပုံစံပြသကာ ခြေစွမ်းပြနေခြင်းကြောင့် မန်ယူအသင်းသည် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် အသက် (၂၄)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်အား နှစ် ရှည်စာချုပ်သစ် ချုပ်ဆိုလိုခြင်းဖြစ်ပြီး (၅)နှစ်သက်တမ်းအထိ ချုပ်ဆိုသွား ရန် အဆင်သင့်ရှိနေသည်ဟု သိရှိရ သည်။
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ကလည်း "ရပ်ရှ်ဖို့ဒ်ကို သက်တမ်းတိုးဖို့ သေချာပေါက် စီစဉ်သွားမှာပါ။ မန်ချက်စတာယူနိုက်တက် အသင်းက ဒီအတွက် လုပ်နေပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
