■ ဇာဟာကို စာချုပ်သက်တမ်းတိုးရန် ခရစ္စတယ်ပဲလေ့စ် စီစဉ်နေ
24htopnews | November 7, 2024 6:12 AM CST
ခရစ္စတယ်ပဲလေ့စ်အသင်းသည် တိုက်စစ်ကစားသမား ဇာဟာကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၉) နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်ကစားသမား ဇာဟာသည် လန်ဒန်ထိပ်သီးအသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ခေါ်ယူရန် ပစ်မှတ်ထားခြင်း ခံနေရသူဖြစ်သည်။
ထို့ပြင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ချုပ်ဆိုထားသည့် ဇာဟာ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
၎င်းအား ခေါ်ယူလိုသည့်အသင်းများအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆွေးနွေးခွင့်ရတော့မည်ဖြစ်သည်။
ထို့ကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက ဇာဟာကို သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
