■ သောမတ်စ်တူဟယ်လ်အတွက် လျော်ကြေး ပေါင် (၁၃)သန်း ပေးရမည်
24htopnews | November 7, 2024 6:12 AM CST
ချယ်လ်ဆီးအသင်းသည် နည်းပြ သောမတ်စ်တူဟယ်လ်ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းအတွက် လျော်ကြေးငွေ ပေါင် (၁၃)သန်း ပေးရမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် သောမတ်စ်တူဟယ်လ်ကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးခဲ့သလို ထပ်မံသက်တမ်းတိုးနိုင်ရန် ဆွေးနွေးနေဆဲမှာပင် အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပေါ် ခဲ့ပြီးနောက် ယခုအခါ ရာထူးမှထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ယင်းအတွက် လျော်ကြေး ပေါင်(၁၃)သန်းပေးရမည်ဖြစ်ပြီး နည်းပြအဖွဲ့ကိုလည်း လျော်ကြေးပေါင် (၂)သန်းပေးရမည်ဟု သိရသည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည့် ဂရေဟမ်ပေါ်တာနှင့်အတူ ၎င်း၏နည်းပြအဖွဲ့ဝင်(၅)ဦးကိုလည်း ခေါ်ယူမည်ဖြစ်ပြီး ယင်းအတွက် ဘရိုက်တန်အသင်းအား စုစုပေါင်းလျော်ကြေးပေါင် သန်း(၂၀)ကျော်ပေးချေရမည်ဟု သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
