လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းအနေဖြင့် ယခုအချိန်တွင် ကိုယ့်လုပ်နိုင်စွမ်းအားကို ကိုယ်မြှင့်တင်နိုင်ရန် အသည်းအသန်လိုအပ်နေပြီဟု ပြောကြားခဲ့ပြီး ပြန်လည်ရုန်းထနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် နာပိုလီအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပွဲအစမှ အဆုံးအထိ ဆိုးရွားသည့်ပုံစံဖြင့် ကစားခဲ့ပြီး ပထမပိုင်းတွင် (၃)ဂိုးပေးခဲ့ရသလို၊ ဒုတိယပိုင်းတွင်လည်း တစ်ဂိုး ထပ်မံအသွင်းခံခဲ့ရသည်။
ယင်းနောက် လီဗာပူးလ်အသင်း၏ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်က သွင်းဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပြီး (၁-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။
ကလော့ပ်၏ လီဗာပူးလ်အသင်းသည် ယခုရာသီအစမှ စတွက်ပါက စုစုပေါင်းပွဲစဉ် (၇) ပွဲကစားရာတွင် (၂)ပွဲသာ အနိုင်ရရှိထားပြီး ယခုအခြေအနေကို ပြောင်းလဲရန်အတွက် ကြီးမားသည့်အပြောင်းအလဲများ လိုအပ်နေသည်ဟု ယာဂန်ကလော့ပ်က ယုံကြည်လျက်ရှိသည်။
ကလော့ပ်က ''ကျွန်တော်တို့ ပထမပိုင်းမှာ ကစားတာ တော်တော်ညံ့ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ ဘယ်လောက်ညံ့ညံ့ (၃)ဂိုးတော့ မပေးရပါဘူး။ ဂိုးပေါက်မှာ အယ်လစ်ဆန် ရှိနေလျက်နဲ့ ကျွန်တော်တို့ ဒီလောက် ဂိုးတွေ မပေးရပါဘူး။ ဒါကြောင့် အခုလို ဖြစ်ခဲ့တာဟာ တော်တော်လေးကို ဆိုးရွားပါတယ်။ ကျွန်တော်တို့အသင်းဟာ ၂၀၁၉ တုန်းကလည်း ဒီကွင်းမှာ ကစားခဲ့ဖူးပြီး အဲဒီတုန်းက ၀-၂ ဂိုးနဲ့ ရှုံးခဲ့ဖူးပါတယ်။ အဲ့ဒီပွဲတုန်းကလည်း ကျွန်တော်တို့ ကစားတာ အရမ်းညံ့ခဲ့တယ်။ အခု အဲဒီအချိန်တုန်းကလိုပဲ ကျွန်တော်တို့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားကို ကိုယ်မြှင့်တင်ဖို့ လိုနေပါပြီ။ ကျွန်တော်တို့ အသင်းမှာ လိုအပ်နေတဲ့အချက်တွေ အရမ်းများနေပါတယ်''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရှုံးပွဲအပြီးတွင် စနေနေ့တွင်ပင် ဝုလ်ဗ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကလော့ပ်က ''ကျွန်တော်တို့ စနေနေ့မှာ ဝုလ်ဗ်အသင်းနဲ့ ကစားဖို့ရှိပြီး ဒီပွဲမှာ ကျွန်တော်တို့အသင်းကစားတဲ့ပုံစံကို သူတို့မြင်ရင် ရယ်တာကို ရပ်နိုင်မှာတောင် မဟုတ်ဘူး။ ငါတို့လည်း ဒီလို လုပ်နိုင်တာပဲလို့ သူတို့ ပြောကြလိမ့်မယ်။ ဒီအချိန်က သူတို့အသင်းနဲ့ ကစားဖို့အတွက် တကယ့်အချိန်ကောင်းပဲလို့ တွေးကြလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ဖို့ လိုပါတယ်''ဟုပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုအချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် (၆)မှတ်ကွာအနေအထားတွင် ရှိနေပြီး ကလော့ပ်ကမူ အသင်း၏ အခြေအနေကို ပြောင်းလဲရန် အစက ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ပြီး အကောင်းဆုံးပုံစံ ပြန်ရမည့်အဖြေ ရှာတွေ့လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
