လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အန်ဖီးလ်ကွင်းတွင် အသင်းပရိသတ်များက ၎င်း၏နာမည်ကို သီဆိုအားပေးခြင်းအတွက် အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် နိုဝင်ဘာ (၅)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ လီဗာပူးလ်ပရိသတ်အချစ်တော်ကစားသမားဟောင်း အလွန်ဆို၏ လေဗာကူဆင်ကို (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးလ်ပရိသတ်များသည် လီဗာပူးလ်နည်းပြဘဝနောက်ဆုံးပွဲ၌ နည်းပြဟောင်း ကလော့ပ် သင်ပေးခဲ့သည့် လက်ရှိနည်းပြ ဆလော့သီချင်းကို သီဆိုအားပေးခဲ့ကြကြောင်း သိရှိရသည်။ ဆလော့သည် ယခုရာသီတွင် ကလော့ပ်၏လီဗာပူးလ်နည်းပြရာထူး ကို ဆက်ခံခဲ့ပြီး ပြိုင်ပွဲစုံ (၁၆)ပွဲတွင် (၁၄) ပွဲအထိ အနိုင်ရထားသည်။
ဆလော့က "အလှောင်ခံရတာနဲ့စာရင် ကိုယ့်နာမည်ကို သီချင်းလုပ်ဆိုပြီး အားပေးခံရတာ ကောင်းတာပေါ့ဗျာ။ ကစားသမားတွေပဲ သီချင်းနဲ့ အားပေးခံရတာကို ကြားဖူးပါတယ်။ အခုလို နည်းပြကို သီချင်းသီဆိုအားပေးတာမျိုး သိပ်မရှိပါဘူး။ အနည်းဆုံး ဟော်လန်မှာမရှိပါဘူး။ ဒီအတွက် ကလော့ပ်ကို ကျေးဇူးတင်ရမှာပါ။ ဒီသီချင်းကို သူ စဆိုခဲ့တာလေ။ ပြီးတော့ အလွန်ဆိုအတွက် သူတို့သီချင်းဆို အားပေးခဲ့တာကိုလည်း ကျွန်တော် သဘောကျပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
