မြန်မာ့ရိုးရာနှစ်သစ်ကူးအတာင်္သကြန်ပွဲတော်သည် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ ၌ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ယူနက်စကို၏ ပဏာမအဆုံးအဖြတ်၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများထဲတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာင်္သကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိနေခြင်းဖြစ်သည်။
နှစ်သစ်ကူးအတာသကြင်္န်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် အထင်ရှားဆုံးပွဲတော် တစ်ခုဖြစ်ပြီး ဧပြီလလယ်တွင် ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုဖြစ်သည်။ နှစ်သစ်ကူးပွဲတော်ကို လေးရက်မှ ငါးရက်အတွင်း ကျင်းပလေ့ရှိပြီး လူကြီးသူမများကို ကုသိုလ်ယူကာ အချင်းချင်းရေပက်ကစားကြသည့် ဗုဒ္ဓဘာသာပွဲတော်ဖြစ်သည်။ သင်္ကြန်ပွဲတော်ရက်များကို မြန်မာပြက္ခဒိန်အရ တွက်ချက်ခြင်း ဖြစ်ကာ မြန်မာနှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်လည်း ဖြစ်သည်။










-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
