အေစီမီလန်နည်းပြ ဖွန်ဆီကာက စီးရီးအေပြိုင်ပွဲ က ချန်ပီယံလိဂ်ပြိုင်ပွဲထက် ကစားရပိုမိုခက်ခဲကြောင်း ရီးယဲလ်မက်ဒရစ်အသင်းအား အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေ ပြိုင်ပွဲတွင် (၁၀) ပွဲကစားပြီးချိန်၌ (၁၇)မှတ် ရရှိထားပြီး ချန်ပီယံလိဂ် (၄) ပွဲ ကစားပြီးချိန်တွင် (၆) မှတ် ရရှိထားသည်။ အေစီမီလန်အသင်းသည် နိုဝင်ဘာ (၅) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ စပိန် ထိပ်သီး ရီးယဲလ်အသင်းကို အဝေးကွင်းတွင် (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်အပြီးတွင် အေစီမီလန်နည်းပြ ဖွန်ဆီကာက စီးရီးအေပြိုင်ပွဲ၌ ကစားရသည်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားရသည်ထက် ပိုမိုခက်ခဲကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွန်ဆီကာက "အီတလီပြင်ပက လူတွေဟာ စီးရီးအေပြိုင်ပွဲ ဘယ်လောက်ခက်တယ်ဆိုတာကို နားမလည်ကြပါဘူး။ စီးရီးအေမှာ လူကပ်ကစားတဲ့ အသင်းတွေ များပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် စီးရီးအေပြိုင်ပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲထက် ကစားရပိုခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းစနစ်ပိုင်းကြောင့်ပါ။ ရီးယဲလ်နဲ့ ကစားရတာက မွန်ဇာနဲ့ ကစားရတာထက် ပိုလွယ်ကူပါတယ်။ စီးရီးအေမှာ လူကပ်ကစားတာကြောင့် ဆွဲဆောင်မှု လျော့ကျတာလည်း ဖြစ်နိုင်ပါတယ်"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
