ယခုနှစ် ပွင့်လင်းရာသီ၌ ရေခဲတောင်ခရီးစဉ်များ ဖွင့်လှစ်ပြီဖြစ်၍ ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ခရီးသွားအေဂျင် စီများ အသင့်ပြင်ဆင်ထားကြောင်း ပူတာအို ခရီးသွားအေ ဂျင်စီထံမှ သိရသည်။
ရေခဲတောင်တန်းများတည်ရှိရာ မြန်မာနိုင်ငံတွင် နှစ်စဉ် ကချင်ပြည်နယ်၊ ပူတာအိုမှတဆင့် ရေခဲတောင်များသို့ တောင်တက်ခရီးသွားများ ဝင်ရောက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုမြို့သို့ ရန်ကုန်မြို့မှ (၃)နာရီကျော်ကြာ လေကြောင်းခရီးစဉ်ဖြင့် သွားလာနိုင်ပြီး ကောင်းမူလုံစေတီတော်မြတ်၊ မလိခမြစ်အတွင်းမှ ရေလယ်နတ်ကျွန်းစေတီနှင့် ကျောက်ဖြာများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဒေသအစားအစာများ၊ မြို့မနံနက်ခင်းဈေးနှင့် ဂါးထုဈေးတို့ကို လေ့လာကြည့်ရှုနိုင်သော ဝန်ဆောင်မှုကို မြစ်ကြီးနားနှင့် ပူတာအိုမြို့ရှိ ခရီးသွား အေဂျင်စီများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပူတာအိုတွင် ခရီးသွားအေဂျင်စီ (၄)ခုရှိပြီး ၎င်းတို့မှ ဝန် ဆောင်မှုပေးနေခြင်းဖြစ်ကာ ပွင့်လင်းရာသီရောက်ရှိချိန်၌ ပူတာအိုမြို့တွင် လေ့လာလည်ပတ်သည့် ခရီးသွားများနှင့် ရေ ခဲတောင် တက်ခရီးသွားများဖြင့် စည်ကားလေ့ရှိပြီး ယခုရာ သီ၌ ကုန်ပစ္စည်းဈေးနှုန်းတိုးမြင့်လာမှုနှင့် သွားလာရေး အ ခက်အခဲအချို့ကြောင့် ယခင်ကထက် ခရီးသွားနည်းသော် လည်း ခရီးသွားအချို့ဝင်ရောက်မှုဖြင့် ဒေသခံလမ်းပြများနှင့် အထမ်းသမားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
