ရှမ်းပြည်နယ်အရှေ့တွင် မိုးရွာသွန်းမှုကြောင့် ဆိုက်ခေါင်တံတားအစားထိုး ယာယီတံတား၏ ချဉ်းကပ်လမ်း ဆိုးရွားစွာပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားယာဉ်များ အခက်ကြုံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
နိုဝင်ဘာ (၆) ရက်မှ (၈)ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလကသတင်းထုတ်ပြန်ထားသည့်အတွက် ချောင်းရေထပ်မံမြင့်တက်လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ယင်းအတွက် ပျက်စီးနေသော တံတားချဉ်းကပ်လမ်း ရေကြီရေလျှံမဖြစ်ပွားစေရန် ချောင်းနဘေးနံရံများကို သဲအိတ်ကာရံခြင်းလုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု သိရသည်။
“တံတားလေးရှိပြန်တော့လည်း မိုးရွာတော့ သွားလို့လာလို့အဆင်မပြေပြန်ဘူး။ သဲကြမ်းနည်းနည်းဖို့လိုက်ရင် အဆင်ပြေနိုင်မယ်ထင်တယ်။ မုန်တိုင်းသတင်း က လည်း ရှိသေးတယ်။ သတိပြုသွားလာကြရမှာပေါ့”ဟု ၎င်းက ဆိုသည်။
ဆိုက်ခေါင်-မိုင်းဆတ်သွား ယာယီတံတားသစ်ကို အောက်တိုဘာ (၃၀) ရက် နံနက်ပိုင်းမှ စတင်၍ ဖြတ်သန်းခွင့်ပြုခဲ့ပြီး တံတား၏ အရှည် (၂၂၇) ပေ နှင့် အကျယ်မှာ (၁၀) ပေရှိကာ အိမ်စီးကားငယ်များနှင့် ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်၊ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် အဆိုပါ တံတားမှာ ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရပြီး စက်တင်ဘာ (၂၇) ရက်မှစ တင်၍ ယာယီသံဘေလီတံတားအစားထိုးတည်ဆောက်ပေးခဲ့သည်။
ယင်းကဲ့သို့ တည်ဆောက်နေစဉ်ကာလအတွင်း အောက်တိုဘာ (၁၇) ရက် နံနက် (၁၁) နာရီအချိန်၌ တံတားကြမ်းခင်းနေစဉ် ဒုတိယအကြိမ် ပြန်လည်ပြိုကျခဲ့သဖြင့် ယခု ယာယီတံ တားငယ်ကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-CJ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
