မန္တလေးမြို့တွင် ဖခင်ထံ သားဖြစ်သူမှ ပိုက်ဆံတောင်း ထိုးကြိတ်ပြီး အိမ်မီးရှို့မှု အောက်တိုဘာ ၂၆ ရက်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ် ၊ပြည်ကြီးရန်လုံရပ်ကွက်၊၁ရလမ်း ၊၈၆လမ်းနှင့် ၈ရလမ်းတွင်နေထိုင်သူ ဦးမန်းလွင်အား ၎င်း၏သား အောင်မျိုးလွင်မှ ၎င်းအား ပိုက်ဆံ သိန်းသုံးရာ တောင်းရာမှ သားအဖခြင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း သိရသည် ။
ထို့နောက် သားဖြစ်သူသည် ၎င်းအား လက်သီးဖြင့်ထိုးခြင်း၊ ထုနှက်ရိုက်ခြင်းများပြုလုပ်ခဲ့ရာ လက်သန်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရပ်ကွက်ရုံးသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့တိုင်ကြားရာတွင် အိမ်ခြံဝင်းတံခါးသော့ခတ်ကာပြေးလာရခြင်းဖြစ်ကြောင်း၊ သားဖြစ်သူသည် ဂတ်စ်ဘူး ဖြင့် အိမ်အားမီးရှို့နေကြောင်း သတင်းပို့တိုင်တန်းခဲ့ရာဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် အရေးယူရန်ဆောင်ရွက်နေကြောင်း စုံစမ်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
