အာမိုရင်မ်၊ နိုင်ငံပျက်ကြီးက သမ္မတ
24htopnews | November 7, 2024 5:12 PM CST
မန်ယူနိုက်တက်ရဲ့ဖွဲမီးလို တမြေ့မြေ့ လောင်ကျွမ်းနေတဲ့ ပြဿနာတွေက အာမိုရင်မ်လက်ထဲ ရောက်လာပါပြီ။ ဖာဂီခေတ်လွန်မှာမန်ယူရဲ့နည်းပြ ရှာပုံတော်ခရီးဟာ မဆုံးနိုင်ဘူး။ ပြုပြင်လို့မဆုံးနိုင်ခဲ့ဘူး။ လီဗာပူးလ်နဲ့မန်စီးတီးက ယာဂန်ကလော့ပ်၊ ဂွါဒီယိုလာတို့နဲ့ ခေတ်ပြောင်းတော်လှန်ရေးဆင်နွှဲနေချိန်မှာ မန်ယူနိုက်တက်က နွံထဲနစ်နေဆဲပဲ။ နည်းပြအမျိုးအစားမျိုးစုံ ခန့်အပ်ခဲ့သလို၊ စံချိန်တင်ငွေကြေးသုံးစွဲမှုတွေ လုပ်ခဲ့ပေမယ့်လည်း အကြောင်းမထူးခဲ့ဘူး။ မန်ယူနိုက်တက်ရဲ့ အရှိန်အဝါကို နည်းလမ်းပေါင်းစုံနဲ့ ပြန်လည်တည်ဆောက်ပေမယ့် နစ်သထက်နစ်လာတယ်။ ရုန်းလေနစ်လေဖြစ်ခဲ့ပါတယ်။ လူတောသူတောမတိုးတဲ့ ဘဝကနေ မန်ယူနိုက်တက် လွတ်မြောက်ရေးအတွက် တက်သစ်စလူငယ်နည်းပြ အာမိုရင်မ်နဲ့စွန့်စားခန်းဖွင့် လိုက်ပါတယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
