မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းနည်းပြ အာမိုရင်မ်အနေဖြင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကယ်ရက်စ်အား မန်ယူအသင်းသို့ ခေါ်ဆောင်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်သည် မန်ယူနည်းပြအဖြစ် ခန့်အပ်ခံထားရပြီး နိုဝင်ဘာ (၁၁) ရက်တွင် မန်ယူအသင်းကို စတင်ကိုင်တွယ်မည်ဖြစ်သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဂျိုကယ်ရက်ဇ်သည် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်လက်အောက်တွင် ခြေစွမ်းပြနေပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပြိုင်ပွဲစုံ ပွဲ (၅၀) တွင် (၄၃) ဂိုးအထိ သွင်းယူခဲ့သည်။
ထို့ပြင် ဂျိုကယ်ရက်စ်သည် ယခုရာသီတွင်လည်း စပို့တင်းလစ္စဘွန်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၂၃) ဂိုးအထိ သွင်းယူထားရာ ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အာမိုရင်မ်က ၎င်းအနေဖြင့် လာမည့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းကစားသမားများကို မန်ယူအသင်းထံသို့ ခေါ်ယူမည်မဟုတ်ဟု ပြောဆိုထားသည်။
သို့သော် ဘာဘာတော့ဗ်က အာမိုရင်မ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသော ဂျိုကယ်ရက်စ်ကို အနာဂတ်တွင် မန်ယူဂျာစီနှင့် မြင်တွေ့ရနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာဘာတော့ဗ်က "ဂျိုကယ်ရက်စ်က အခုအချိန်မှာ ဂိုးတွေကို အပျော်သွင်းနေသူပါ။ သူနဲ့ အာမိုရင်မ်တို့အကြား ထူးခြားတဲ့ဆက်ဆံရေးရှိတယ်လို့ ထင်ပါတယ်။ ဒီတော့ တစ်နေ့မှာ သူ့ကို မန်ယူဂျာစီနဲ့ မြင်တွေ့ရနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
