အာဆင်နယ်နည်းပြ အာတီတာက အသင်းအားကစားဒါရိုက်တာ အီဒူးကို ဆုံးရှုံးလိုက်ရသော်လည်း ၎င်းတို့အသင်းအနေဖြင့် ဆုဖလားများကို ဆက်လက်စိန်ခေါ် နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်ကွင်းလယ်ကစားသမားဟောင်း အီဒူး(၄၆ နှစ်)သည် ၂၀၀၃-၀၄ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ ချန်ပီယံ အာဆင်နယ်တွင် ပါဝင်ကစားခဲ့သူဖြစ်သည်။ ၎င်းသည် ကစား သမားဘဝမှအနားယူပြီးနောက် အာဆင်နယ်အသင်းတွင် ၂၀၁၉ မှစတင်ကာ နည်းစနစ်ဒါရိုက်တာ၊ ယင်းမှတစ်ဆင့် အားကစားဒါရိုက်တာဖြစ်လာခဲ့သူဖြစ်သည်။
၎င်းသည် အာတီတာကို အာဆင်နယ်နည်းပြအဖြစ် ခန့်အပ်ခဲ့သူဖြစ်ပြီး ၎င်းင်းတို့နှစ်ဦး ပူးပေါင်းကာ အသင်းကို ယခုလိုအဆင့်မျိုးရောက်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ သို့သော် အီဒူးသည် ကလပ်အသင်း များစွာပိုင်ဆိုင်သည့် နော်တင်ဟမ် ဖောရက်စ်အသင်းပိုင်ရှင် မာရီနာကစ် အတွက် အလုပ်လုပ်ရန် နိုဝင်ဘာ(၄) ရက်တွင် အာဆင်နယ်အားကစားဒါရိုက်တာရာထူးမှနုတ်ထွက်ခဲ့သည်။
ယခုအခါ အာတီတာက အီဒူး ထွက်ခွာပြီးနောက် အသင်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ အာတီတာက "အရာအားလုံးက မြန် မြန်ဆန်ဆန်ဖြစ်သွားခဲ့တာပါ။ အီဒူးနဲ့ အလုပ်လုပ်တွဲရတာကို နှစ်သက်ပါတယ်။ အီဒူး မရှိတော့ပေမဲ့ ကလပ်အသင်းရဲ့ အစီအစဉ်နဲ့ အမြင်က ရှိပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီအတိုင်း ဆက်သွားမှာဖြစ်ပြီး ဆုဖလားတွေကို စိန်ခေါ် နိုင်ဦးမှာပါ}}ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
