ရွေးကောက်ပွဲတွင် ပြိုင်ဘက် ကာမလာဟဲရစ်ကို အနိုင်ရခဲ့သော ဒေါ်နယ်ထရန့်ကို ကမ္ဘာ့ခေါင်းဆောင်များကနိုဝင်ဘာ ၆ ရက်တွင် ဝမ်းမြောက်ကြောင်း အလျင်အမြန်ပြောကြားခဲ့ကြသည်။
တရုတ်နိုင်ငံက ထရန့်ကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိသော်လည်း တရုတ်သည် အမေရိကန်နှင့်အတူ ငြိမ်းချမ်းသော အတူယှဉ်တွဲတည်ရှိမှုကို မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရ မော်နင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
"ကျွန်မတို့ဟာ အပြန်အလှန်လေးစားမှု၊ငြိမ်းချမ်းတဲ့ အတူယှဉ်တွဲတည်ရှိမှု၊နိုင်-နိုင် ပူးပေါင်းဆောင်ရွက်မှုတို့ဆိုတဲ့စည်းမျဉ်းစည်းကမ်းတွေကိုအခြေခံထားတဲ့တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆက်လက်ချည်းကပ်ပြီး ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပါတယ်"ဟု မော်နင်းကပြောကြားခဲ့သည်။
အမေရိကန်သည် မိတ်ဆွေမဟုတ်သော နိုင်ငံဖြစ်သွားကတည်းကရုရှားသမ္မတဗလာဒီမာပူတင်က ထရန့်ကို ဝမ်းမြောက်ကြောင်းပြောကြားသည်ကို မိမိသတိမပြုမိဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကပြောကြားခဲ့ပြီး မိမိတို့အနေဖြင့် ခိုင်မာသော အဆင့်များ၊ခိုင်မာသော စကားများကို အခြေခံပြီး ကောက်ချက်ဆွဲမည်ဟု ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ထရန့်၏အောင်ပွဲကို သမိုင်း၏အကြီးကျယ်ဆုံးသော တစ်ကျော့ပြန်လာမှုအဖြစ် ခိုင်းနှိုင်းခဲ့သည်။
ဟားမာ့စ်ကလည်း ထရန့်လက်ထက်တွင် အစ္စရေးကို အမေရိကန်၏မျက်ကန်း ထောက်ပံ့မှုအားရပ်ရမည်ဟု ဟားမာ့စ် နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဘက်ဆမ်နိုင်းက ပြောကြားခဲ့သည်။
ထရန့်အနိုင်ရခြင်းက ယူကရိန်းကို ငြိမ်းချမ်းရေးနှင့်ပိုနီးစပ်လာစေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ထရန့် အာဏာပြန်ရလာခြင်းက နေတိုးမဟာမိတ်အဖွဲ့ကို ဆက်လက်တောင့်တင်းစေလိမ့်မည်ဟု နေတိုးအကြီးအကဲ မာ့ခ်ရုက ပြောကြားခဲ့သည်။
အီးယူအကြီးအကဲအာဆူလာဗွန်ဒါလေယန်ကလည်း ထရန့်ကို လှိုက်လှဲစွာ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမားကလည်း ထရန့်၏အောင်ပွဲသည် သမိုင်းဝင်ရွေးကောက်ပွဲ အောင်ပွဲဟု ဂုဏ်ပြုပြောကြားခဲ့သည်။
ထရန့်၏အောင်ပွဲအတွက်ဂုဏ်ယူ ဝမ်းမြောက်ကြောင်းပြောကြားခဲ့သည့် အခြားနိုင်ငံ့ခေါင်းဆောင်များမှာ ပြင်သစ်၊ဂျာမနီ။တူရကီ၊ဂျပန်၊ကာတာ၊အိန္ဒိယ၊အီဂျစ်၊တောင်ကိုရီးယား၊ပိုလန်တို့က ခေါင်းဆောင်များဖြစ်သည်။
Ref:AFP
Photos:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
