အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီဟု ကြေညာခဲ့သည့် ဒေါ်နယ်ထရန့်ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် နေတိုးအကြီးအကဲတို့က ဂုဏ်ပြုစကားပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းကလည်း တရုတ်-အမေရိကန်ဆက်ဆံရေးများကို အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံပြီး ချဉ်းကပ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
မက်ခရွန်က ယခင်ထရန့်၏ သမ္မတသက်တမ်း ၄ နှစ်တာကာလကကဲ့သို့ အမေရိကန်နှင့် လေးစားမှု၊ ပြင်းပြသောရည်မှန်းချက်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထရန့်နှင့် ဆက်ဆံရေးကို မိမိတို့၏ ခိုင်မာသည့်ခံယူချက်နှင့်အတူ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အတွက် လုပ်ဆောင်သွားမည်ဟု မက်ခရွန်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ထရန့် အာဏာပြန်ရလာခြင်းသည် အမေရိကန်-အစ္စရေး မဟာမိတ်အတွက် အလွန်အင်အားကြီးသည့် ယုံကြည်ချက်ပြန်ရလာခြင်းဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။
ထို့ပြင် နေတိုးအဖွဲ့အကြီးအကဲ မာ့ခ် ရူတီကလည်း ထရန့်အနိုင်ရမှုကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ထရန့်အာဏာပြန်ရလာမှုသည် နေတိုးအဖွဲ့ကို ခိုင်မာစေရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
