အမေရိကန် ဒုသမ္မတ ကာမလာဟဲရစ်က သူသည် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့်ကို ဂုဏ်ပြု စကားပြောကြားခဲ့သည်။
“ကျွန်မ ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကို အရှိန်မြင့်စေတဲ့ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်မှာတော့ အရေးမနိမ့်ခဲ့ပါဘူး”ဟု ဟဲရစ်က သူတက်ရောက်ခဲ့ဖူးသည့် ဟောင်းဝပ် တက္ကသိုလ်တွင် နိုဝင်ဘာ ၅ ရက်က ထောက်ခံသူများကို ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသမီးများ၏အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး လက်နက်ကိုင်အကြမ်းဖက်မှုကိုကို ဆန့်ကျင်ကာ လူသားအားလုံးအတွက် ထိုက်တန်သည့် ဂုဏ်သိက္ခာရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဟဲရစ်က ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ထရန့်ကိုဂုဏ်ပြုကြောင်းနှင့်ငြိမ်းချမ်း စွာအာဏာ လွှဲပြောင်းပေးအပ်မှုတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟဲရစ်က ပြောကြားခဲ့သည်။
Ref;AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
