ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အေစီမီလန်အသင်းကို ရှုံးနိမ့်ပြီးနောက် အသင်း၏ခြေစွမ်းပိုင်းအတွက် စိတ်ပူရတော့မည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် လာလီဂါတွင် ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းကို (၀-၄) ဂိုးဖြင့် အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း အေစီမီလန်ကို အိမ်ကွင်းမှာပင် (၁-၃) ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပွဲစဉ် (၄) ပွဲအပြီး (၂) ပွဲနိုင်၊ (၂) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရန် ရုန်းကန်ရဖွယ်ရှိနေသည်။
အန်ဆယ်လော့တီက ''ကျွန်တော်တို့ စိတ်ပူရပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ပွဲတွေမှာ ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးပုံစံ ရှိမနေခဲ့ပါဘူး။ အသင်းလိုက်စုစည်းမှုပိုင်းလည်း အားနည်းပါတယ်။ ခံစစ်ပိုင်းအားနည်းသလို တိုက်စစ်ကလည်း ဂိုးရဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
