ဘာစီလိုနာအသင်းသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလာအား လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း စပိန်အားကစားသတင်းစာ SPORT က ဖော်ပြခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဆာလာသည် ဘရိုက်တန်အား (၂-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ယင်းပွဲအပြီးတွင် ''ဘာပဲဖြစ်ဖြစ် အန်ဖီးလ်မှာ ဂိုးသွင်းရတဲ့ အရသာ ဘယ်လိုဆိုတာကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး''ဟု ၎င်း၏ X တွင် ရေးသားခဲ့သည်။
ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အဆိုပါမက်ဆေ့ချ်မှာ လီဗာပူးလ်အသင်းမှထွက်ခွာတော့မည်ဟု အရိပ်အမြွက်ပြောဆိုခြင်းဖြစ်သည်ဟု ပရိသတ်များက ယူဆနေကြသည်။
ဆာလာအနေဖြင့် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလကလည်း ယခုရာသီမှာ လီဗာပူးလ်အတွက် ၎င်း၏နောက်ဆုံးရာသီဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
ယခုအခါ ဘာစီလိုနာအသင်းသည် အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာအား လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ဆာလာအားခေါ်ယူရန် ၂၀၂၁ ခုနှစ်က ကြိုးပမ်းခဲ့ဖူးပြီး ထိုစဉ်က လီဗာပူးလ်အသင်း တောင်းဆိုသည့်ပြောင်းရွှေ့ကြေး နှင့် ဆာလာ တောင်းဆိုသည့်လစာကို ပေးချေနိုင်ခြင်းမရှိသည့်အတွက် လက်လျှော့ခဲ့ရကြောင်း သိရှိရသည်။
သို့သော် ယခုအခါ ဘာစီလိုနာအသင်းအနေဖြင့် လာမည့် ၂၀၂၅ တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဆာလာကို ပြန်လည်စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း SPORT က ဖော်ပြခဲ့သည်။
SPORT ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် ဘီလ်ဘာအိုအသင်းမှ စပိန်လူငယ်တောင်ပံကစားသမား နီကိုဝီလီယံစ်အား ဦးစားပေးခေါ်ယူရန် ပစ်မှတ်ထားနေပြီး ၎င်းအားခေါ်ယူရန် အဆင်မပြေမှသာ ဆာလာကို ခေါ်ယူလိုနေခြင်း ဖြစ်ကြောင်း သိရသည်။
ဆာလာသည် ၂၀၁၇ တွင် လီဗာပူးလ်သို့ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ (၃၆၄) ပွဲတွင် ဂိုး (၂၂၀) အထိ သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
