မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပို့တင်းလစ္စဘွန်းအသင်းအား (၁-၄)ဂိုးဖြင့် ရှုံးနိမ့်အပြီး ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ရပြီးနောက် ကစားသမားများအား စိတ်အေးအေးထားရန် တိုက်တွန်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုတစ်ပတ်အတွင်း လိဂ်ဖလားတွင် စပါး၊ ပရီးမီးယားလိဂ်တွင် ဘုန်းမောက်နှင့် ချန်ပီယံလိဂ်တွင် စပို့တင်းလစ္စဘွန်းအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် ယင်းကဲ့သို့ ပြိုင်ပွဲစုံ (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခြင်းမှာ ၂၀၁၈ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ၎င်းတို့အသင်းမှာ ရုန်းမထွက်နိုင်သည့်အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး အရာအားလုံးမှားယွင်းနေကြောင်း ပြောကြားခဲ့သည်။
သို့သော် ဂွါဒီယိုလာကမူ ဘာနာဒိုဆေးလ်ဗား၏ပြောကြားမှုကို လက်မခံဘဲ စိတ်အေးအေးထားပြီး တိုက်ပွဲဝင်ရန် ကစားသမားများကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက ''လူတွေက ကျွန်တော်တို့ ကျဆုံးတာကိုမြင်ချင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော် အရှုံးမပေးပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကို ကျွန်တော် ကြိုက်ပါတယ်။ ဘဝက ဒီလိုပါပဲ။ ကစားသမားတွေအတွက် ခက်ခဲမှာပေါ့။ သူတို့အနေနဲ့ စိတ်ခံစားချက်ကိုထိန်းပြီး စိတ်အေးအေးထားဖို့ လိုပါတယ်။ ကျွန်တော်တို့ အရှုံးမပေးပါဘူး။ ကျွန်တော်တို့ တိုက်ပွဲဆက်ဝင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
