မန်ယူအသင်း ယာယီနည်းပြဖြစ်သူ ရုဒ်ဗန်နစ္စတယ်ရွိုင်းက နည်းပြသစ် အာမိုရင်မ် ရောက်လာပါက တာဝန်ယူရမည့်အခြေအနေကို ပြောပြရန်ခက်ခဲကြောင်း ထုတ်ဖော်ပြောကြားသည်။
မန်ယူအသင်း တိုက်စစ်မှူးဟောင်းဖြစ်သည့် နစ္စတယ်ရွိုင်းသည် အဲရစ်တန်ဟက်ဂ် ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူထားခြင်းဖြစ်ပြီး နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်မီအထိ ပွဲစဉ် လေးပွဲ ကိုင်တွယ်ရမည်ဖြစ်သည်။
PAOK အသင်းနှင့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ နိုဝင်ဘာ ၆ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာမိုရင်မ် ရောက်ရှိလာပါက အနာဂတ်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် နစ္စတယ်ရွိုင်းက ယခုလိုဖြေကြားခဲ့ခြင်းဖြစ်သည်။
''အခုအချိန်မှာ အဲဒီအကြောင်း မှတ်ချက်ပေးဖို့က ခက်ပါတယ်။ ဆွေးနွေးမှုတွေလုပ်ဖို့ ကျွန်တော်စောင့်နေပါတယ်။ ဒီကြားကာလမှာ အရေးကြီးဆုံးက နေ့စဉ်လုပ်ရမယ့် အခြေခံအလုပ်တွေ ပြီးဆုံးအောင်လုပ်ဖို့ရယ်၊ မနက်ဖြန် (ကြာသပတေးနေ့) ကစားရမယ့် ဥရောပပွဲအတွက်ပါပဲ။ နောက်တစ်ပတ်အထိ ကောင်းကောင်းလုပ်ဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒါက ကျွန်တော့်အလုပ်ပါ။ အဲဒါအတွက် ကျွန်တော်အာရုံစိုက်ထားပါတယ်။ ဟူဘင် (အာမိုရင်မ်) ကို ကျွန်တော်ကြိုဆိုပါတယ်။ သူ့ကိုကူညီပေးရလို့ ကျွန်တော် ဝမ်းသာပါတယ်။ ဒါက အခုလောလောဆယ် အခြေအနေပါ'' ဟု နစ္စတယ်ရွိုင်းက ဆိုသည်။
နစ္စတယ်ရွိုင်း (၄၈ နှစ်) သည် ကစားသမားဘဝမှ အနားယူပြီးနောက် နယ်သာလန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြ၊ PSV ယူ-၁၉ အသင်းနှင့် PSV စီနီယာအသင်း နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယခုနှစ် ဇူလိုင်တွင် အဲရစ်တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသည်။
သို့သော် လပိုင်းအကြာမှာပင် တန်ဟက်ဂ်ထုတ်ပယ်ခံခဲ့ရသောကြောင့် နစ္စတယ်ရွိုင်း၏အနာဂတ်မှာ မရေမရာဖြစ်လာပြီး ၄င်းကမူ မည်သည့်ရာထူးဖြစ်စေ အသင်းအတွက် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
နစ္စတယ်ရွိုင်းသည် ယာယီနည်းပြအဖြစ် လေးပွဲ ကိုင်တွယ်ရမည်ဖြစ်ပြီး လိဂ်ဖလားပွဲစဉ်တွင် လက်စတာအသင်းကို အိမ်ကွင်းတွင် (၅-၂) ဂိုး ဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် အိမ်ကွင်းတွင် (၁-၁) ဂိုးဖြင့် သရေကျထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
