မန်ဒီ၏လစာငွေကို မန်စီးတီးအသင်း ပေးချေရမည်
24htopnews | November 7, 2024 11:12 PM CST
မန်စီးတီးအနေဖြင့် အသင်းနောက်ခံလူဟောင်း ဘင်ဂျမင်မန်ဒီအား ပေးရန်ရှိသည့်လစာငွေများအား ပေးအပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြင်သစ်နောက်ခံလူ မန်ဒီအနေဖြင့် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုများဖြင့် တရားစွဲဆိုခဲ့ရပြီး ပြီးခဲ့သည့်နှစ်တွင် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သည်။
မန်စီးတီးအသင်းသည် မန်ဒီ၏လစာငွေကို ၂၀၂၁ စက်တင်ဘာလမှစပြီး အသင်းမှထွက်ခွာသွားသည့် ၂၀၂၃ ဇွန်လအထိ ပေးချေခြင်းမရှိဘဲ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။
မန်ဒီသည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ပေါင်(၆)သန်း ရရှိခဲ့သူဖြစ်ပြီး ၎င်းက အသင်းထံမှ ရရန်ရှိသည့် အခွန်မဆောင်မီ လစာငွေ ပေါင် (၁၁)သန်း ရယူလိုမှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
သို့သော် မန်ဒီရရှိမည့် ငွေပမာဏနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရသေးကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
