ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းသည် ပေါင်ဒဏ်ရာထပ်မံရရှိခဲ့သည့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာအား လာမည့် ဇန်နဝါရီလတွင် စာချုပ်ဖျက်သိမ်းရန် စဉ်းစားနေကြောင်း သိရသည်။
နေမာသည် အာရှချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့ပြီး တစ်လဝန်းကျင်ခန့် အနားယူရဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
နေမာ(၃၂ နှစ်)သည် နိုဝင်ဘာလ(၄)ရက်က ယှဉ်ပြိုင်ကစားခဲ့သော အယ်လ်ဟီလာ (၃-၀)အယ်စတယ်လာပွဲစဉ်တွင် ပွဲချိန်(၅၈)မိနစ်တွင် လူစားဝင်ကစားပြီးနောက် နာရီဝက်ခန့်အကြာတွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ဒူးအရွတ်ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ပြီးနောက် ယခုပွဲစဉ်မှာ ဒုတိယမြောက်လူစားဝင်ကစားသည့် ပွဲစဉ်ဖြစ်ကြောင်း သိရသည်။
နေမာသည် အာရှချန်ပီယံလိဂ်ပွဲစဉ် နှစ်ပွဲတွင်သာ လူစားဝင်ကစားခဲ့ပြီး ပွဲကစားချိန်မှာလည်း စုစုပေါင်း (၄၂)မိနစ်သာ ရှိခဲ့သည်။
''ဒါက ကြွက်တက်သလိုပဲ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အရမ်းသန်မာနေခဲ့တယ်။ ကျွန်တော့်အနေနဲ့ စမ်းသပ်မှုတချို့တော့ ပြုလုပ်သွားရမှာပါ။ ပြင်းပြင်းထန်ထန် မဖြစ်ဖို့တော့ မျှော်လင့်ထားပါတယ်။ တစ်နှစ်ကြာ အနားယူပြီးချိန်မှာ ဒီလိုအရာတွေ ဖြစ်လာတာက သာမန်ပါပဲ။ ဆရာဝန်တွေကလည်း ကျွန်တော့်ကို သတိပေးပြီးသားပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပွဲကစားချိန်ပိုရဖို့ ဂရုတစိုက်ကစားရပါမယ်''ဟု နေမာက သူ၏ Instagram တွင် ဒဏ်ရာနှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့သည်။
နေမာသည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ပြင်သစ်ကလပ် PSG အသင်းမှ အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၇၈)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီ လူစားဝင်ကစားသည့် နှစ်ပွဲအပါအဝင် အသင်းအတွက် ပြိုင်ပွဲစုံ ခုနစ်ပွဲသာ ကစားထားရကြောင်း သိရသည်။
၎င်းအနေဖြင့် ယင်းကစားခွင့်ရသည့် ခုနစ်ပွဲတွင် တစ်ဂိုးသာ သွင်းယူထားပြီး သုံးဂိုး ဖန်တီးပေးထားခဲ့သည်။
ဘရာဇီးလ်မီဒီယာ UOL က အယ်လ်ဟီလာအသင်းအနေဖြင့် နေမာအား လာမည့်ဇန်နဝါရီလတွင် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းရန် စဉ်းစားနေကြောင်း သတင်းရေးသားခဲ့သည်။
နေမာ၏တစ်နှစ် ပေါင် သန်း(၁၃၀)တန်စာချုပ်မှာ လာမည့် ၂၀၂၅ ခုနှစ် ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်သော်လည်း စောစီးစွာလမ်းခွဲရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
အယ်လ်ဟီလာအသင်းအနေဖြင့် နေမာသည် ဒဏ်ရာထပ်မံရရှိခြင်းကြောင့် စာချုပ်သက်တမ်း လက်ကျန်ခြောက်လကို ကစားနိုင်ရန် သံသယရှိလာကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ရာသီတွင် နေမာ မပါဝင်ဘဲ ဆော်ဒီပရိုလိဂ် ချန်ပီယံဆုဖလားအပါအဝင် ပြည်တွင်းဖလားများ ဆွတ်ခူးနိုင်ခဲ့သဖြင့် အယ်လ်ဟီလာအသင်းက ၎င်းကို လက်လွှတ်သွားဖွယ်ရှိနေသည်။
နေမာသည် ပြီးခဲ့သည့်ရက်ပိုင်းက ဘာစီလိုနာအသင်းဖော်ဟောင်းများရှိနေသည့် အင်တာမိုင်ယာမီနှင့် သတင်းထွက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
