အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီး ယိုအက်ဂဲလန့်အား ရာထူးမှဖယ်ရှားလိုက်ပြီး ၎င်းနေရာတွင် နိုင်ငံခြားရေးဝန်ကြီးအစ္စရေးကတ်ဇ်အား အစားထိုးတာဝန်ပေးလိုက်ပြီဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးကို ဖြုတ်လိုက်ပြီးနောက် အစ္စရေးတွင်ဆန္ဒပြမှုများဖြစ်လာပြီး နေတန်ရာဟုနုတ်ထွက်ပေးရန်ပင် တောင်းဆိုနေကြသည်။ ထို့ပြင်ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာမည့်သူက ဓားစာခံများလွတ်မြောက်ရေးကိစ္စကို ဦးစားပေးဆောင်ရွက်ပေးရန် လူထုကတောင်းဆိုနေကြသည်။
နေတန်ရာဟုက ယိုအက်ဂဲလန်နှင့် ၎င်းတို့ကြား ယုံကြည်မှုပိုင်းပြသနာရှိနေသည့်အတွက် ယခုကဲ့သို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပြီး စစ်ဖြစ်နေချိန် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ကြား ယုံကြည်မှုအပြည့်အဝရှိရန်လိုအပ်ကာ စစ်ဖြစ်ပြီး အစောပိုင်းလများက ဂဲလန့်အပေါ် ယုံကြည်မှုရှိခဲ့သော်လည်း ပြီးခဲ့သည့်လများတွင် ယုံကြည်မှုလျော့လာသည်ဟု ထုတ်ဖော်ပြောသည်။
ဂဲလန့်ကမူ နိုင်ငံတော်လုံခြုံရေးက ၎င်းဘဝ၏အဓိကဝာာဝန်ဖြစ်ခဲ့ပြီး ရှေ့ဆက်လည်းထိုအတိုင်းဖြစ်နေမည်ဟု တာဝန်မှဖယ်ရှားခံရပြီးနောက် နိုဝင်ဘာ ၅ ရက်တွင် လူမှုကွန်ရက်၌ရေးသားခဲ့သည်။
၎င်းကိုထုတ်လိုက်သည့်အကြောင်းရင်းက ဂါဇာဓားစာခံအရေးအပါအဝင် ပြသနာသုံးရပ်ကြောင့်ဟုလည်း ဂဲလန့်ကဆိုသည်။
မနှစ်ကအောက်တိုဘာ ၇ ရက်တွင်ဖြစ်သည့် ဟးမာ့စ်တိုက်ခိုက်မှုအတွင်း ဓားစာခံ ၂၅၁ ဦး ဖမ်းခေါ်ခံခဲ့ရပြီး ၁၀၀ နီးပါးက အစအနမသိရပေ။ နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ဂါဇာစစ်မဖြစ်မီ ရာထူးမှဖယ်လိုက်သေးသည်။ သို့သော်လူထုက ဆန္ဒပြမှုကြောင့် ပြန်လည်ခန့်အပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
