မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ မော်လမြိုင် - မုဒုံကားလမ်းဘေးရှိ "မင်းသန့်" စက်သုံးဆီ အရောင်းဆိုင် တွင် ယနေ့ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီ မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
အဆိုပါ မင်းသန့်စက်သုံးဆီ အရောင်းဆိုင်အနောက်ဘက်ရှိ ဆီလှောင်ကန်ပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းသည် ကနဦးသိရကြောင်း နှင့် လက်ရှိ ည (၆) နာရီ (၄၅) မီနစ်အချိန်အထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး "ဆီကန်ပေါက်ကွဲမီးလောင်မှုဖြစ်တာလို့ကနဥိး သိရပါတယ်။ မီးကအရမ်းများနေတယ်။ လောလောဆယ် တခြားနေရာတွေကို ကူးစက်လောင်ကျွမ်းမှုမရှိအောင် လုပ်ဆောင်နေကြပါတယ်။ လောလောဆယ်အထိ လူထိခိုက်မှုတော့ မရှိသေးဘူး" ဟု ပြောကြားသည်။
ထိုမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (မွန်ပြည်နယ်) ၊ မော်လမြိုင်ခရိုင် နှင့် မော်လမြိုင်မြိုနယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များအပြင် မုဒုံမြို့နယ်မီးသတ်ဥိးစီးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ မီးသတ်ယာဉ်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ဆဲဖြစ်ကြောင်း သိရသည်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
