ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက်ကို တစ်နေ့လျှင် ၅၀ ဝန်းကျင်ထိ လျှော့ချနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဧပြီ ၃ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် လူစုလူဝေး မပြုလုပ်ရန် တားမြစ်ချက်ကို သီတင်းပတ်နှစ်ပတ်ကြာ သက်တမ်းထပ်တိုးမည်ဖြစ်ကြောင်း တောင်ကိုရီးယားက ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နေ့စဉ်နီးပါး ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁၀၀ သို့မဟုတ် ထိုပမာဏအောက် အနည်းငယ်လျော့သော ပမာဏဝန်းကျင်ထိ ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါကို ထိန်းချုပ်ဟန့်တားရန် ကြီးကြီးမားမား စီမံဆောင်ရွက်ထားသော်လည်း ဘုရားကျောင်းများ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများတွင်သာမက ခရီးသွားများအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
မတ် ၂၁ ရက်တွင် အကောင်အထည်ဖော်ခဲ့သော ၁၅ ရက် လူစုလူဝေးမပြုလုပ်ရန် မူဝါဒကို ရက်ထပ်တိုးရန် သင့်၊ မသင့်နှင့်ပတ်သက်၍ ယခုသီတင်းပတ်တွင် တောင်ကိုရီးယားအစိုးရအဖွဲ့က စဉ်းစားခဲ့ကြောင်း သိရသည်။ လူစုလူဝေးမပြုလုပ်ရန် တင်းကျပ်သော မူဝါဒအရ ကူးစက်မှုအန္တရာယ်အမြင့်ဆုံးဖြစ်သည့် အဆောက်အအုံများမှာ ပိတ်ထားရပြီး ဘာသာရေး၊ အားကစား၊ ဖျော်ဖြေရေးနှင့် သက်ဆိုင်သည့် လူစုဝေးမှုများကို ပိတ်ပင်တားမြစ်ထားသည်။
နေထိုင်မကောင်းသူများအတွက် အသုံးပြုသည့် အိပ်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် မိမိတို့တွင်ရှိသော ကျန်းမာရေးနှင့်ဆေးကုသရေးစနစ်သည် ရောဂါကူးစက်မှုများကို ပုံမှန်အဆင့်များ၌ ရှိစေရန် ကိုင်တွယ်ထိန်းချုပ်ထားနိုင်သည့် နည်းလမ်းအတိုင်း ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်မှာ မိမိတို့၏ ရည်မှန်းချက်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်အရေးနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီး ပါ့ခ်နမ်ဟိုက ပြောကြားခဲ့သည်။
လာမည့်သီတင်းပတ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းမပြုရန် အစိုးရအဖွဲ့က စေ့ဆော်တိုက်တွန်းရသည်အထိ ဖြစ်စေခဲ့သည့် သေးငယ်သော လူစုလူဝေးမှ ရောဂါကူးစက်မှုနှင့် နိုင်ငံပြင်ပကူးစက်မှု အရေအတွက်မှာ မကြာသေးမီကာလအတွင်း မြင့်တက်လာသည့်ကို ကြည့်၍ လူစုဝေးမှုအား ပိတ်ပင်တားမြစ်သည့်မူဝါဒကို ဖြေလျှော့ရန်မှာ စောလွန်းနေသေးသည်ဟု ပါ့ခ်နမ်ဟိုက ဆိုသည်။
၁၅ ရက် လူစုလူဝေးမပြုလုပ်ရန် မူဝါဒ စတင်သက်ဝင်ခဲ့သော ပထမဆုံး ၁၁ ရက်နှင့် ထိုမူဝါဒမသက်ဝင်မီ နောက်ဆုံးရက် ၁၁ ရက်ကို နှိုင်းယှဉ်ကြည့်ပါက လူစုလူဝေးကို ပိတ်ပင်ထားမြစ်ထားသည့် ပထမ ၁၁ ရက်ကာလအတွင်း နိုင်ငံတွင်း၌ ရောဂါကူးစက်မှုနှုန်းကို ၇၀ ရာခိုင်နှုန်းဝန်းကျင်အထိ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ပါ့ခ်က ပြောကြားခဲ့သည်။
သို့သော် သီးခြားခွဲနေရမှု မြင့်တက်လာခြင်းအပေါ် စိတ်ကုန်နေမှုနှင့် ရာသီဥတု ကောင်းမွန်လာမှုတို့ကြောင့် လူများသည် အပြင်ထွက်ခြင်းနှင့် စုဝေးခြင်းတို့ ပြန်လည်ပြုလုပ်နေကြသည့် အမှုအရာများရှိနေသည်ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
