ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့်ပတ်သက်ပြီး ဆောင်ရွက်သင့်သည်ကို မဆောင်ရွက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲခဲ့ပြီး WHO ကို ရန်ပုံငွေ ဖြတ်တောက်မည်ဟု ဧပြီ ၈ တွင် ခြိမ်းခြောက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဖြစ်လာနိုင်ခြေရှိကြောင်း အကြီးတန်းအကြံပေးတစ်ဦးက ကြိုတင်သတိပေးခဲ့သည့် မှတ်စုကို ဇန်နဝါရီက ထုတ်ပြန်ခဲ့ခြင်းအား ထိုအချိန်က သူမမြင်ခဲ့ကြောင်း ထရန့်က မှိန်ချ ကာကွယ်သွားခဲ့သည်။
ဒေါသများကို WHO အား ပုံခဲ့သော ထရန့်က အမေရိကန်၏ရန်ပုံငွေကို ဖြတ်တောက်မည်ဟု ကနဦးတွင် ကြေညာခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်းကာ ရန်ပုံငွေ ဖြတ်တောက်ရေးကို လေးလေးနက်နက် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ WHO အတွက် အမေရိကန်သည် ရန်ပုံငွေ အများဆုံး ထောက်ပံ့သူ ဖြစ်သည်။ WHO သည် တရုတ်ဘက်ကို အလွန်လိုက်ခဲ့ကြောင်း ထရန့်က စွပ်စွဲခဲ့ပြီး တရုတ်သို့ ခရီးသွားလာမှု သတိပေးချက်သည် နောက်ကျခဲ့ပြီး တစ်လခန့် ကြိုတင်ထုတ်ပြန်ခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အစောပိုင်းတွင် တရုတ်၏ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်ပြီး တရုတ်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ တရုတ်တွင် သေဆုံးသူနှင့် ကူးစက်ခံရသူ စာရင်းထုတ်ပြန်ချက်များအား ထရန့်နှင့် အခြားခေါင်းဆောင်များက မယုံမကြည် ဖြစ်နေကြသည်။
ဒီဇင်ဘာနှောင်းပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်တွင် စတင်ဖြစ်ပွားခဲ့သော ယင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူ ၈၂,၀၀၀ ကျော် သေဆုံးထားပြီး ကူးစက်ခံရသူ ၁.၄ သန်းကျော် ရှိနေသည်။
ထို COVID-19 ကြောင့် အမေရိကန်တွင် လူ ၁၂,၈၀၀ ကျော် သေဆုံးထားပြီး ကူးစက်ခံရသူ ၄၀၀,၀၀၀ နီးပါးရှိခဲ့ကာ ကမ္ဘာတွင် ကူးစက်ခံရမှု အများဆုံးဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ထားသည်။
WHO သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး လွဲချော်ခဲ့ကြောင်း WHO သည် ဗိုင်းရပ်စ် အကျပ်အတည်း ဖြေရှင်းရာတွင် တရုတ်ဗဟိုပြုလွန်းသော ချဉ်းကပ်မှုနှင့် ဆောင်ရွက်ခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်၏ပြင်းထန်မှုကို မှိန်ချရန် ပေကျင်းက လုပ်ဆောင်မှုများကို WHO က အတူတကွ လိုက်လံ ဆောင်ရွက်ခဲ့ကြောင်း၊ COVID-19 ကြောင့် သေဆုံးသူစာရင်းကို တရုတ်က ထုတ်ပြန်မှုသည် ယုံကြည်ရန် ခက်ခဲလွန်းသော်လည်း တရုတ်သည် ပွင့်လင်းမြင်သာမှုရှိကြောင်း WHO က ချီးကျူးခဲ့သည်။
“ သူတို့ သိခဲ့သင့်တယ်၊ သူတို့ သိချင် သိခဲ့နိုင်တယ်” ဟု ထရန့်က WHO တာဝန်ရှိသူများကို ရည်ညွန်းပြီး ပြောကြားခဲ့သည်။
ထရန့်သည် ၎င်း၏သမ္မတ သက်တမ်းတစ်လျှောက်တွင် နိုင်ငံတကာအဖွဲ့အစည်းများကို မယုံသင်္ကာဖြစ်မှုများအား ထုတ်ပြောခဲ့သူဖြစ်သည်။ WHO ကိုလည်း ထရန့်က အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းက ဘတ်ဂျက်အကြံပြုချက်တွင် WHO ကို ဒေါ်လာ ၁၂၂.၆ သန်းခန့် အမေရိကန်က ထည့်ဝင်ရန် အဆိုပြုမှုကို ထရန့် အစိုးရက ဒေါ်လာ ၅၇.၉ သန်းသို့ လျှော့ချရန် တောင်းဆိုခဲ့သည်။
အမေရိကန် အပါအဝင် နိုင်ငံအများအပြားက နယ်စပ်ပိတ်ပင်မှု၊ ခရီးသွားလာမှု ကန့်သတ်မှုတို့ ဆောင်ရွက်နေသော်လည်း WHO ၏လက်ရှိ လမ်းညွန်ချက်တွင် နယ်စပ်များ ပိတ်ပင်ရန် ထောက်ခံ မထားပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
