ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်လာခဲ့ကြောင်း ပြင်သစ်က ဧပြီ ၇ တွင် တရားဝင်ထုတ်ပြန်ခဲ့ပြီး အီတလီ၊ စပိန်နှင့် အမေရိကန်ပြီးလျှင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်ခဲ့သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
ပြင်သစ်တွင် ဧပြီ ၇ သည် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စံချိန်တင်မြင့်ခဲ့သော နှစ်ရက်မြောက်နေ့ဖြစ်ကြောင်း စာရင်းများက ဖော်ပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသည် ပြင်သစ်တွင် ပြင်းထန်နေဆဲဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ဂျရုန်းဆော်လမွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော်လည်း အထူးကြပ်မတ်ကုသဆောင်တွင် ကုသနေရသူသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၀.၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု ဆော်လမွန်က ပြောကြားခဲ့သည်။ ရောဂါပြင်းထန်သဖြင့် အထူးကြပ်မတ်ကုသနေရသူ ဦးရေသည် ပြင်သစ်တွင် ရှစ်ရက်မြောက် ဆက်တိုက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံများတွင် ရောက်ရှိနေသူ ၇၈,၁၆၇ ဦးအထိ ရှိနေခဲ့သည်။
အီတလီသည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်နေပြီး ဧပြီ ၇ စောပိုင်းအထိ ၁၇,၁၂၇ ဦး ရှိခဲ့သည်။ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသူ ဦးရေသည် လေးရက်ဆက် ကျဆင်းခဲ့ကြောင်း အီတလီက ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။
ပြင်သစ်သည် မတ် ၉ က တစ်နိုင်ငံလုံး ကန့်သတ်ပိတ်ဆို့မှု ဆောင်ရွက်ကျင့်သုံးခဲ့သည့် အိမ်နီးချင်း အီတလီကို အနီးကပ်စောင့်ကြည့်နေပြီး ပြင်သစ်၏ ကန့်သတ်ထိန်းချုပ်မှုများ ထိရောက်ခြင်း ရှိ၊ မရှိ သုံးသပ်နေသည်။ ဧပြီ ၁၅ အထိ အာဏာသက်ဝင်နေသော ပိတ်ဆို့ထိန်းချုပ်မှုကို မကြာမီကာလအတွင်း ဖြေလျှော့ပေးရန် ဖြစ်လာမည် မဟုတ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်ဒွပ်ဖိလစ်က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ် အကျပ်အတည်းသည် ကျဆင်းလာနေခြင်းမရှိဟု ယူဆလျှင် မတ် ၁၇ က စတင်ခဲ့သော ပိတ်ဆို့ထိန်းချုပ်မှုကို ထပ်မံသက်တမ်းတိုးရန် အာဏာပိုင်များက အကြံပြုထားသည်။
ပါရီတွင် လဟာပြင် အားကစားလုပ်ခြင်းကို နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ တားမြစ်မည်ဖြစ်ကြောင်း အာဏာပိုင်များက တင်းကျပ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသဖြင့် ယခုနှစ် ပထမသုံးလပတ်တွင် ပြင်သစ်စီးပွားရေး ၆ ရာ ခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၉၄၅ ခုနှစ် နောက်ပိုင်း အဆိုးဆုံးသော စီးပွားရေး စွမ်းဆောင်ရည်ဖြစ်ကြောင်း ပြင်သစ်ဗဟိုဘဏ်က ဧပြီ ၈ တွင် ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် ပြင်သစ်စီးပွားရေး ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စာရင်းအင်းများက ဖော်ပြခဲ့ရာ သုံးလပတ် နှစ်ကြိမ် ဆက်တိုက် စီးပွားရေး ကျုံ့ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်သည် စီးပွားရေ ကျကပ်နှင့် ကြုံနေရပြီဟု ဆိုနိုင်သည်။
စပိန်တွင်မူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးမှု နှစ်ရက်ဆက်တိုက် မြင့်မားခဲ့ပြီး ဧပြီ ၈ တွင် ၇၅၇ ဦးသေဆုံးခဲ့၍ စုစုပေါင်းသေဆုံးသူ ၁၄,၅၅၅ ဦး ရှိပြီဖြစ်ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၈ ၌ ပြောကြားခဲ့သည်။
စပိန်သည် အီတလီပြီးလျှင် ကမ္ဘာတွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယမြောက်အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး ကူးစက်ခံရသူ ၁၄၆,၆၉၀ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံ ပြောကြားခဲ့သည်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
