COVID-19 ကပ်ရောဂါကြောင့် အာဖရိကရှိ နိုင်ငံများတွင် အလုပ်အကိုင် သန်းနှင့်ချီ ဆုံးရှုံးနိုင်ခြေရှိခြင်း၊ ကြွေးမြီများ မြင့်တက်လာနိုင်ခြင်း၊ ငွေလွှဲ ငွေပို့မှုများ ကျဆင်းသွား နိုင်ခြင်းတို့အပါအဝင် စီးပွားရေးအကျပ်အ တည်းများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု ခန့် မှန်းရကြောင်း ဧပြီ ၆ ရက်က ထုတ်ပြန်သော လေ့လာမှုတစ်ရပ်အတွင်း အာဖရိကသမဂ္ဂက ပြောကြားထားသည်။
လက်ရှိအခြေအနေအတိုင်း ဆက်လက်ဖြစ်ပွားနေပါက အာဖရိကတိုက်ရှိ တရားဝင် လုပ်ငန်းကဏ္ဍနှင့် တရားမဝင်လုပ်ငန်းကဏ္ဍ နှစ်ခုစလုံးရှိ အလုပ်အကိုင်နေရာ သန်း ၂၀ နီးပါး ဆုံးရှုံးနိုင်ခြေရှိပြီး အထူးသဖြင့် ခရီးသွား လုပ်ငန်း၊ ရေနံထုတ်လုပ်ရေးလုပ်ငန်းပေါ် တွင် ကြီးကြီးမားမားမှီခိုနေရသော အာဖရိက နိုင်ငံများသည် စီးပွားရေးပိုမိုထိခိုက်နိုင်ဖွယ် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စာမျက်နှာ ၃၅ မျက်နှာပါဝင်သော ထို အစီရင်ခံစာတွင် ကပ်ရောဂါနှင့်ပတ်သက်၍ အနာဂတ်ဖြစ်နိုင်ခြေကို နှစ်ပိုင်းခွဲ ဖော်ပြထားပြီး “လက်တွေ့ကျသော ဖြစ်နိုင်ခြေ ” အပိုင်း တွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ဇူလိုင်လအထိသာ ကြာမြင့်မည်ဆိုပါက အာဖရိကတိုက်သည် ကြီးကြီးမားမား ထိခိုက်နစ်နာမည်မဟုတ်ဘဲ “အဆိုးဘက်မှ ရှုမြင် သော ဖြစ်နိုင်ခြေ ” အပိုင်းတွင်မူ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု သြဂုတ်လအထိ ဆက်လက် ဖြစ်ပွားနေပါက အာဖရိကသည် ပိုမိုအထိနာ နိုင်သည်ဟု ခန့်မှန်းထားသည်။
ပထမအပိုင်း ဖြစ်နိုင်ခြေသည် အာဖရိက၏စီးပွားရေးကို ၀.၈ ရာခိုင်နှုန်းထိ ကျုံ့သွား စေနိုင်ပြီး ဒုတိယအပိုင်း ဖြစ်နိုင်ခြေသည် စီး ပွားရေးကို ၁.၁ ရာခိုင်နှုန်းထိ ကျုံ့သွားစေနိုင် ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား မီတွင် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ခန့်မှန်းထားခဲ့သော အာဖရိကတိုက်၏ စီးပွား ရေး ၃.၄ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်လာမည်ဟူသော ခန့်မှန်းချက်နှင့် လုံးဝကွဲပြားခြားနား နေမည်ဖြစ်သည်။
ဧပြီ ၆ ရက်နေ့အထိ အာဖရိကရှိ နိုင်ငံ ၅၁ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရသူ ၉၁၉၈ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၁၄ ဦးရှိကြောင်း ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဆိုင်ရာ အာဖရိကဗဟိုဌာနက ထုတ်ပြန်ထားသည်။
အာဖရိကသည် တရုတ်၊ ဥရောပတောင်ပိုင်း၊ အမေရိကန်တို့ကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဒဏ်ကို ဆိုးဆိုးရွားရွားမခံစားရသော်လည်း ထိုဒေသများနှင့် ကုန်သွယ်မှုများလုပ် ဆောင်နေခြင်းကြောင့် စီးပွားရေးထိခိုက်မှု အကျိုးဆက်များကို ခံစားနေရပြီဖြစ်သည်။ ဒေါ်လာ ၂၇၀ ဘီလျံ (ယူရို ၂၅၉ သန်း) တန်ဖိုးရှိသော ပို့ကုန်၊ သွင်းကုန်ပမာဏ ၃၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်ဖွယ်ရှိမှုကို ရင်ဆိုင်နိုင်ရန် အာဖရိကတိုက်က အသင့်ပြင်နေရသည်။
ရောဂါကူးစက်မှု မြင့်မားနေစဉ်တွင် ရေနံစျေးထိုးကျခြင်းသည် နိုင်ဂျီးရီးယား၊ အင် ဂိုလာကဲ့သို့သော ရေနံထုတ်လုပ်သည့် နိုင်ငံ များကို အထိနာစေမည်ဖြစ်ပြီး ခရီးသွား ကန့်သတ်ခြင်းသည် အာဖရိက၏ စီးပွားရေး တွင် ဒေါ်လာ ၅၀ ဘီလျံထက်မနည်း ဆုံးရှုံး ဖွယ်ရှိကာ အလုပ်အကိုင် ၂ သန်း ထက်မနည်း ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ခဲ့သည်။
ဝင်ငွေဆုံးရှုံးလာခြင်းနှင့်အတူ အစိုးရ အဖွဲ့များအနေဖြင့် နိုင်ငံတကာစျေးကွက်အပေါ် အားထားမှီခိုနေရခြင်းထက် အခြားသော ရွေးချယ်စရာနည်းလမ်း ရှိလိမ့်မည်မဟုတ် သောကြောင့် ကြွေးမြီများ မြင့်တက်လာနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၁၅၀ ဘီလျံ ထောက်ပံ့ခြင်း နှင့် ကြွေးမြီ သက်သာခွင့်ပေးခြင်းဖြင့် ကိုရိုနာ ဗိုင်းရပ်စ်နှိမ်နင်းရေးတွင် အာဖရိကကိုအကူ အညီပေးရန် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမတ်က ပြီးခဲ့သည့်လတွင် ဂျီ၂၀ ကို တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
