COVID-19 ကပ်ရောဂါတိုက်ဖျက်မှုသည် ကမ္ဘာတစ်ဝန်း သတင်းခေါင်းစီးပိုင်း၌ အမြဲတမ်း နေရာယူထားစဉ် ကမ္ဘာကြီးသည် သူနာပြုအရေအတွက် ခြောက်သန်းနီးပါး လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၆ တွင် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်း ကျန်းမာရေးလုပ်သားထု၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော သူနာပြုများ၏ အရေးပါသောအခန်းကဏ္ဍကို WHO က မိတ်ဖက်များဖြစ်သော Nursing Now နှင့် International Council of Nurses တို့နှင့် ပူးတွဲထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မီးမောင်းထိုးပြခဲ့သည်။
သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ကျောရိုးများဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ယနေ့အချိန်တွင် သူနာပြုအများ အပြားသည် COVID-19 တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်နေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာရန်အတွက် ထိုသူနာပြုများသည် ၎င်းတို့လိုအပ်သောထောက်ပံ့မှုများ ရရှိရန် အလွန်အမင်းအရေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် လတ်တလော၌ သူနာပြုဦးရေ ၂၈ သန်းအောက်သာ ရှိကြောင်း ထို ပူးတွဲအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်အတွင်း သူနာပြုဦးရေ ၄.၇ သန်း တိုးတက်ခဲ့ကြောင်းလည်း သိရသည်။
သို့သော် ကမ္ဘာတစ်ဝန်း သူနာပြုဦးရေ ၅.၉ သန်း လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ အာဖရိက၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းတို့ရှိ ဆင်းရဲသောနိုင်ငံများ၊ တောင်အမေရိက၏ အစိတ်အပိုင်းများတွင် ကြီးမားသော ကွာဟချက်များရှိနေကြောင်း WHO က ထောက်ပြခဲ့သည်။
နိုင်ငံများအနေဖြင့် ၎င်းတို့၏သူနာပြု အင်အားစုတွင် ကွာဟချက်များအား ဖော် ထုတ်ရန်၊ သူနာပြုဆိုင်ရာ ပညာရေး၊ အလုပ် အကိုင်နှင့် ဦးဆောင်မှုကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံကြရန် ထိုအစီရင်ခံစာ၌ တိုက်တွန်း ထားသည်။
■ ခြေကုန်လက်ပန်းကျနေသော လုပ်သားထု ရှားပါးမှု
ကူးစက်မှုနှုန်း၊ ဆေးဘက်ကုသမှုဆိုင်ရာ မှားယွင်းမှုများနှင့် သေဆုံးမှုနှုန်းများသည် သူနာပြုအရေအတွက် အလွန်အမင်းနည်း ပါးသောနေရာများတွင် ပိုမိုမြင့်မားကြောင်း ICN အမှုဆောင်အရာရှိချုပ် ဟောင်းဝပ် ကက်တန်က ပြောကြားခဲ့သည်။ ထို့ပြင် ယင်းရှားပါးမှုကြောင့် ပင်ပန်းနွမ်းနယ်နေသော လက်ရှိ သူနာပြုအင်အားစုကို ပိုမို ခြေကုန် လက်ပန်းကျစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကပ်ရောဂါအား တိုက်ဖျက်မှုတွင် ကျန်းမာရေးလုပ်သားများအတွက် ဗိုင်းရပ်စ်စစ် ဆေးမှုများတွင် ရင်းနှီးမြှုပ်နှံမှုများအား အရေးတကြီး ပြုလုပ်ကြရန် Nursing Now အ တွက် အစီရင်ခံစာကို ပူးတွဲဦးစီးသော မေရီ ဝက်ကင်းစ်က ပြောကြားခဲ့သည်။
COVID-19 တိုက်ဖျက်ရေးအတွင်း အီတလီတွင် သူနာပြု ၂၃ ဦး သေဆုံးခဲ့ရပြီး ကျန်းမာရေးလုပ်သား ကိုးရာခိုင်နှုန်း ကူး စက်ခံခဲ့ရကာ ကမ္ဘာတစ်ဝန်း ကျန်းမာရေး လုပ်သား ၁၀၀ ဝန်းကျင် သေဆုံးခဲ့ပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်များအား ကိုးကား၍ ကက်တန်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
