အာရှဒေသတွင် တရုတ်ပြင်ပ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးဖြစ်သော တောင်ကိုရီးယား၌ ဧပြီ ၆ တွင် နေ့စဉ် ကူးစက်သူ အရေအတွက်သည် ၅၀ အောက်သို့ ရောက်ရှိခဲ့ရာ ကူးစက်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် ဖေဖော်ဝါရီ ၂၉ နောက်ပိုင်း ကူးစက်သူနှုန်း ၅၀ အောက်သို့ ပထမဆုံးအကြိမ် ကျဆင်းမှု ဖြစ်လာခဲ့သည်။
ဧပြီ ၅ တွင် ဗိုင်းရပ်စ်ကူးစက်သူ ၈၁ ဦး ရှိခဲ့ရာမှ ဧပြီ ၆ တွင် ကူးစက်သူသစ် ၄၇ ဦး သာ ရှိတော့ကြောင်း၊ နိုင်ငံတစ်ဝန်း ကူးစက်သူ စုစုပေါင်းမှာ ၁၀၂၈၄ ဦးအထိ ရောက်ရှိခဲ့ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးစင်တာ (KCDC) က ထုတ်ပြန်ခဲ့သည်။
ဧပြီ ၆ တွင် COVID-19 ကြောင့် လူသုံးဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၈၆ ဦးအထိ မြင့်တက်လာခဲ့သည်။ လူ ၁၃၅ ဦးသည်လည်း ပြန်လည်ကောင်းမွန်သွားသောကြောင့် ဆေးရုံမှဆင်းသူ စုစုပေါင်း ၆၅၉၈ ဦး ရှိလာခဲ့သည်။
တောင်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ယခုအချိန်တွင် ကြီးကြီးမားမား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး နေ့စဉ် ကူးစက်သူ အရေအတွက်သည် ၁၀၀ ဝန်းကျင် သို့မဟုတ် ၁၀၀ အောက်သာ ရှိတော့သည်။ သို့သော် နေ့စဉ် ကူးစက်သူသစ် ၅၀ အောက်သို့ ရောက်ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော် ခရစ်ယာန်ဘုရားကျောင်းများ၊ ဆေးရုံများနှင့် စောင့်ရှောက်ရေး ဂေဟာများတွင် အသေးစား ကူးစက်ပျံ့နှံ့မှုများအပြင် ခရီးသွားများအကြား ကူးစက်မှုများလည်း ဖြစ်ပေါ်နေခြင်းကြောင့် ဧပြီ ၆ တွင် သက်တမ်းကုန်မည့် social distancing စည်းမျဉ်းများအား နောက်ထပ်နှစ်ပတ် သက်တမ်းတိုး သွားမည်ဖြစ်ကြောင်း အစိုးရက ဧပြီ ၄ တွင် ကြေညာခဲ့ရသည်။
ထိုစည်းမျဉ်းများအား ဖြေလျှော့ရန် စောလွန်းနေသေးကြောင်း ကျန်းမာရေးဝန်ကြီး Park Neung-hoo က ဧပြီ ၄ တွင် ပြောကြားခဲ့သည်။ မကြာသေးမီက ပြည်ပမှဝင်လာသူများတွင် ကူးစက်မှု မြင့်တက်မှုများနှင့် အစုလိုက် အပြုံလိုက် ကူးစက်မှု အသေးစားများ ဖြစ်ပေါ်မှုကြောင့် ကျောင်းများ ပြန်ဖွင့်မည့် အစီအစဉ်ကိုလည်း ပယ်ဖျက်ခဲ့ရသည်။
မိမိတို့၏ ရည်မှန်းချက်မှာ မိမိတို့၏ ကျန်းမာရေးနှင့် ဆေးဘက်ဝန်ဆောင်မှု စနစ်များအား ပုံမှန်အနေအထားတွင် နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန်အတွက် ကူးစက်မှုများအား ထိန်းချုပ်နိုင်ရန်ဖြစ်ကြောင်း Park က ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ကူးစက်သူသစ်အရေအတွက် ၅၀ သို့ မဟုတ် ၅၀ အောက် ကျဆင်းပြီး စိုးရိမ်ရသည့် လူနာများအား တည်ငြိမ်စွာ ကုသပေးနိုင်ပါက ထိုကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် ဖိအားမများဘဲ လည်ပတ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Social distancing စည်းမျဉ်းများသည် တောင်ကိုရီးယားတွင် ပြည်တွင်းအစုအဝေးများအကြား ကူးစက်မှုအား ဟန့်တားရန် အရေးပါခဲ့ပြီး ထိုစည်းမျဉ်းများ စတင်သက်ဝင်ပြီး ပထမဆုံး ၁၁ ရက်အတွင်းနှင့် စည်းမျဉ်းများ စတင် မသက်ဝင်မီ နောက်ဆုံး ၁၁ ရက်အတွင်း ပြည်တွင်း၌ ကူးစက်မှုနှုန်းသည် ရာခိုင်နှုန်း ၇၀ ခန့်ကို ဟန့်တားနိုင်ခဲ့ကြောင်း Park က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
