ဆေးဘက်ဆိုင်ရာပို့ ကုန်များ၏ အရည်အသွေးနှင့် ပတ်သက်ပြီး ပြန့်နှံ့နေသော စိုးရိမ်စိတ်များကို လျော့နည်းအောင် ကြိုးစားနေ စဉ်အတွင်း တရုတ်က မတ်လမှစပြီး ပြည်ပနိုင်ငံများသို့ နှာခေါင်းစည်း လေးဘီလျံခန့် ရောင်းချခဲ့သည်ဟု တာဝန်ရှိသူများက ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်စတစ်စ လျော့ပါးနေပြီ ဖြစ်သော်လည်း ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့နေသည့် ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများစုတွင် ဗိုင်းရပ်စ်ကာကွယ်ရေး ပစ္စည်းကိရိယာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ထုတ်လုပ်မှုကို တိုးမြှင့်ရန် အစိုးရက စက်ရုံများအား တိုက်တွန်းခဲ့သည်။
နိုင်ငံ ၅၀ ကျော်မှ မှာယူမှုများကြောင့် တရုတ်သည် မတ် ၁ ရက်မှစပြီး နှာခေါင်း စည်း ၃.၈၆ ဘီလျံ၊ ကာကွယ်ရေးဝတ်စုံ ၃၇.၅ သန်း၊ အသက်ရှူ ထောက်ကူစက် အလုံးရေ ၁၆,၀၀၀၊ COVID-19 စမ်းသပ်ရေး ကိရိယာ ၂.၈၄ သန်းကို တင်ပို့ရောင်းချခဲ့သည်ဟု အကောက်ခွန်ဌာနမှ တာဝန်ရှိသူ Jin Hai က ပြောကြားခဲ့သည်။ တရုတ်၏ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့ရောင်းချမှုသည် ဒေါ်လာ ၁.၄ ဘီလျံခန့် ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် နယ်သာလန်၊ ဖိလစ်ပိုင်၊ ခရိုအေးရှား၊ တူရကီနှင့် စပိန်နိုင်ငံတို့ အပါအဝင် နိုင်ငံများစွာက တရုတ်မှ တင်ပို့သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၏ စံချိန်စံညွှန်း (သို့မဟုတ်) ချွတ်ယွင်းချက်နှင့်ပတ်သက်ပြီး မကျေမနပ် ထုတ်ဖော်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်က တင်ပို့ခဲ့သည့် နှာခေါင်းစည်း ၁.၃ သန်းအနက် ၆၀၀,၀၀၀ သည် စံချိန်စံညွှန်းနှင့် ကိုက်ညီခဲ့ခြင်းမရှိသောကြောင့် နယ်သာလန် အစိုးရက ပြန်လည်သိမ်းယူခဲ့သည်။
ထုတ်လုပ်သူများသည် နှာခေါင်းစည်းများကို ခွဲစိတ်ခန်းသုံး မဟုတ်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြောင်း တရုတ်က ထုတ်ပြန်ခဲ့သည်။ ခွင့်ပြုချက်မရသည့် တရုတ်ကုမ္ပဏီ တစ်ခုက ပေးပို့သည့် rapid test ကိရိယာများသည် စိတ်ချရမှု မရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က တွေ့ရှိခဲ့ပြီးနောက် စပိန်က ထောင်နှင့်ချီသော ယင်းကိရိယာများကို လက်မခံခဲ့ပေ။
ချွတ်ယွင်းချက်ရှိသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ပတ်သက်ပြီး မီဒီယာတွင် ဖော်ပြချက်များသည် အချက်အလက်အားလုံးကို မထင်ဟပ်ကြောင်း တရုတ်တာဝန်ရှိသူများ က ဧပြီ ၅ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
“တရုတ်မှာ အခြားနိုင်ငံတွေနဲ့ ကွဲပြားတဲ့ စံချိန်စံညွှန်းနဲ့ အသုံးအနှုန်း အလေ့အကျင့်တွေလိုမျိုး လက်တွေ့မှာ အခြေခံ အကြောင်းအရင်း အမျိုးမျိုးရှိတယ်။ မမှန်မကန် အသုံးပြုရင် အရည်အသွေးနဲ့ ပတ်သက်ပြီး သံသယတွေ ဖြစ်စေနိုင်တယ်” ဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းတွင် တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ တင်ပို့မှုအတွက် စည်းမျဉ်းများကို တင်းကျပ်ခဲ့ပြီး ထုတ်ကုန်များအတွက် ပြည်တွင်းလိုင်စင် စံချိန်စံညွှန်းနှင့် တင်ပို့မည့် နိုင်ငံများ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
တရုတ်တွင် COVID-19 ရောဂါစမ်းသပ်သည့် ကိရိယာများ ထုတ်လုပ်မှုအား တစ်နေ့လျှင် လေးသန်းကျော်အထိ တိုးမြှင့်ခဲ့သည်ဟု နိုင်ငံလုံးဆိုင်ရာ ဆေးဘက်ထုတ်လုပ်မှုအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကျန်းကျီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
