ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေစဉ် အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်ပေးရေးကို ထည့်သွင်းစဉ်းစားကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အိမ်တွင်သာ နေထိုင်ကြရန် ကန့်သတ်ချုပ်ချယ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေစဉ် အိမ်တွင်းအကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
“အကြမ်းဖက်မှုဆိုတာ စစ်မြေပြင်မှာပဲရှိတာ မဟုတ်ပါဘူး။ အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် ဘေးအကင်းဆုံး ဖြစ်သင့်တဲ့နေရာဟာ ခြိမ်းခြောက်မှု အန္တရာယ် အကြီးဆုံးနေရာ ဖြစ်ပါတော့မယ်။ အဲဒီနေရာက သူတို့ရဲ့ အိမ်တွေပါပဲ” လို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။
အိမ်တွင်း အကြမ်းဖက်မှုများ မြင့်တက်လာနေခြင်းသည် စိုးရိမ်ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးကို ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေး အစီအစဉ်များတွင် အဓိက အစိတ်အပိုင်းအဖြစ် ထည့်သွင်းရေးဆွဲကြရန် ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
အိန္ဒိယတွင် တစ်နိုင်ငံလုံး ပိတ်ဆို့ ကန့်သတ်ထားသည့် ပထမသီတင်းပတ်တွင် အိမ်တွင်းအကြမ်းဖက်မှု နှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း အိန္ဒိယအမျိုးသမီးရေးရာ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ပြင်သစ်တွင် ထိန်းချုပ်ကန့်သတ်မှု ဆောင်ရွက်ခဲ့ပြီးနောက် ပထမသီတင်းပတ် တွင် အိမ်တွင်းအကြမ်းဖက်မှု သုံးပုံတစ်ပုံ မြင့်တက်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
အိမ်တွင်းအကြမ်းဖက်မှု ဓားစာခံ အမျိုးသမီးများအား ထောက်ပံ့ကူညီပေးရန် အင်တာနက်တွင် ရှာဖွေမှု ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သြစတြေးလျက ထုတ်ပြန်ခဲ့သည်။
ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် အရေးပေါ်သတိပေးစနစ်များ တည်ထောင်ကြရန် ဂူတာရက်စ်က တိုက်တွန်းခဲ့ပြီး အကြမ်းဖက် အနိုင်ကျင့်သူများအား သိရှိစေခြင်း မရှိဘဲ အမျိုးသမီးများက ဘေးကင်းစွာနှင့် အကူအညီတောင်းရန် နည်းလမ်းများ ချမှတ်ပေးထားရေးကို တောင်းဆိုခဲ့သည်။
COVID-19 ကို ဖြေရှင်းရန် ဆောင်ရွက်နေချိန်တွင် စစ်ပွဲဇုန်မှသည် လူနေအိမ်များအထိ နေရာတိုင်းတွင် အကြမ်းဖက်မှုကို ကာကွယ်ရေးကို အတူတကွ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နေအိမ်တိုင်းတွင် ငြိမ်းချမ်းရေးကို ၎င်းက တောင်းဆိုခဲ့သည်။
ကမ္ဘာတွင် အမျိုးသမီးသုံးဦးလျှင် တစ်ဦးသည် ဘဝသက်တမ်း တစ်လျှောက်၌ ကိုယ်ထိလက်ရောက် စော်ကားခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတို့ ကြုံတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။
တရုတ်တွင် ဖေဖော်ဝါရီက ပိတ်ဆို့ကန့်သတ်ထားသည့် ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှု သုံးဆမြင့်တက်ခဲ့သည်ဟု ဒေသန္တ ရ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဗိုင်းရပ်စ် အကျပ်အတည်းကြောင့် အမျိုးသမီးများသည် အကြမ်းဖက်ခံရမှုအတွက် အကူအညီတောင်းရန် ခက်ခဲစေကြောင်းလည်း ကုလသမဂ္ဂ အမျိုးသမီးရေးရာ လက်ထောက်အမှုဆောင် ညွှန်ကြားရေးမှူး အနီတာဘာတီရာက မတ်လအတွင်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
