တိုကျိုနှင့် အခြားနေရာများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် မြင့်တက်နေသောကြောင့် အစိုးရအဖွဲ့သည် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာရန် စီစဉ်နေပြီး ဒေါ်လာ တစ်ထရီလျံတန်ဖိုးရှိ စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်တစ်ခုကို အဆိုပြုခဲ့ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။
“အကြံပေးအဖွဲ့ရဲ့ သုံးသပ်ချက်တွေကို နားထောင်ပြီးတဲ့နောက်မှာ အစောဆုံး ဧပြီ ၇ မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာဖို့ မျှော်မှန်းထားတယ်” ဟု အာဘေးက သတင်းထောက်များကို ပြောကြားခဲ့သည်။
တိုကျိုနှင့် အိုဆာကာကဲ့သို့သော မြို့ပြ ဒေသများတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် အလျင်အမြန် မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကျပ်အတည်းဆိုက်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတာကို သုံးသပ်ဆင်ခြင်ပြီး နောက်မှာ အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ ပြင်ဆင်သင့်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို လက်ခံရရှိခဲ့တယ်” ဟု အာဘေးက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် မြင်တွေ့နိုင်သည့် တင်းကျပ်သည့် Lockdown စီမံချက်များ၏ လိုအပ်ချက်ထက် လျော့နည်းသည့် အရေးပေါ် အခြေအနေကို တိုကျို၊ အိုဆာကာနှင့် အခြားစီရင်စု ငါးခုတွင် ထုတ်ပြန် ကြေညာနိုင်ဖွယ် ရှိသည်ဟု အာဘေးက ပြောကြားခဲ့သည်။
တိုကျိုတွင် ဧပြီ ၅ ၌ ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁၄၈ ဦးရှိပြီး ဧပြီ ၆ တွင် နောက်ထပ် ၈၃ ဦး တိုးလာခဲ့သောကြောင့် စီမံချက်သစ်များ လုပ်ဆောင်ရန် အစိုးရကို ဖိအားပေးမှုများ မြင့်တက်လာခဲ့သည်။
တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကိုကိုအိကဲက လူထုကို သီတင်းပတ်အကုန်တွင် မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ကြားရက်များတွင် အိမ်မှအလုပ်လုပ်ကြရန် တိုက်တွန်းခဲ့သည်။ “တရားဝင် ထုတ်ပြန်မှုတွေ မရသေးပေမယ့် ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တိုကျိုတွင် မီးရထား ဝန်ဆောင်မှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် မီးရထားကုမ္ပဏီများကို တောင်းဆိုနိုင်ခြေ ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သော်လည်း အများပြည်သူ ပို့ဆောင်ရေးကို ဆက်လက် လည်ပတ်မည်ဖြစ်ပြီး စူပါမားကတ်များ၊ ဘဏ်များနှင့် ဆေးရုံများကို ဖွင့်ထားမည်ဖြစ်သည်။
ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအား ထိခိုက်မှုမှ အကာအကွယ်ပေးရန် ဒေါ်လာတစ်ထရီလျံခန့် တန်ဖိုးရှိသည့် စီးပွားရေး လှုံ့ဆော်မှု အစီအစဉ် တစ်ခုကို အစိုးရက ထုတ်ပြန်မည်ဟု အာဘေးက အစောပိုင်းတွင် ပြောကြားခဲ့သည်။
“ဒီအစီအစဉ်က ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းရှိတယ်။ မကြုံစဖူး ပမာဏပါပဲ” ဟု ၎င်းကပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ဥရောပနှင့် အမေရိကန်တို့နှင့် နှိုင်းယှဉ်ပါက အလွန်အမင်း နည်းပါးသေးပြီး နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၆၅၀ သာ ရှိသည်။
ဇန်နဝါရီလလယ်တွင် ဗိုင်းရပ်စ်ကူး စက်ခံရမှုကို ပထမဆုံး တွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီတွင် နိုင်ငံတစ်ဝန်းရှိ အစိုးရ စာသင်ကျောင်းများကိုပိတ်ရန် အာဘေးက ညွှန်ကြားခဲ့သည်။ ဂျပန်သည် အခြားနိုင်ငံအများစု ထက်စောပြီး စာသင်ကျောင်းများကို ပိတ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
