ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ မပျောက်ကင်းသဖြင့် ဆေးရုံတက်ခဲ့ရသည်ဟု ဒေါင်းနင်းလမ်းက ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗြိတိန်ဘုရင်မကြီး အလိဇဘတ်က ဗြိတိန်နှင့် ဓနသဟာယနိုင်ငံများကို ဧပြီ ၅ ရက်တွင် ကြုံတောင့်ကြုံခဲ မိန့်ခွန်းပြောကြားခဲ့ပြီး နာရီပိုင်းအတွင်း ဝန်ကြီးချုပ် ဂျွန်ဆင်သည် ကြိုတင်ကာကွယ်မှုအဖြစ် နောက်ထပ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် ဆေးရုံတက်ခဲ့ရသည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အသက် ၅၅ နှစ်ရှိပြီဖြစ်သော ဂျွန်ဆင် သည် COVID-19 ကူးစက်ခံခဲ့ရပြီး မပြင်းထန်သည့် လက္ခဏာများ ပြသခဲ့သည်ဟု ပြောကြားခဲ့ပြီး သီတင်းတစ်ပတ်ကြာ သီးခြားခွဲနေခဲ့သည်။
ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သည့် ဗီဒီယို မက်ဆေ့ချ်တွင်မူ ဂျွန်ဆင်က အပူချိန်မြင့်တက်မှု မကြာခဏြ ဖစ်နေသောကြောင့် နေအိမ်တွင်သာ ဆက်ပြီးနေထိုင်ရဦးမည်ဟု ပြောကြားခဲ့သည်။
ဆေးရုံတက်ခြင်းသည် ကြိုတင်ကာကွယ်မှုနည်းလမ်း တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးချုပ်၏ အခြေအနေသည် အရေးပေါ် အခြေအနေ မဟုတ်ကြောင်း၊ ၎င်းသည် ဆေးရုံမှ ဆေးဘက်ဆိုင်ရာ အကြံပေးမှုကို လိုက်နာ ည်ဖြစ်ကြောင်း ဒေါင်းနင်းလမ်းက ထုတ် ပြန်ခဲ့သည်။
ဝန်ကြီးချုပ်က ၎င်း၏တာဝန်များကို မထမ်းဆောင်နိုင်ပါက နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်သည် တာဝန်လွှဲပြောင်းယူမည်ဟု သတ်မှတ်ထားသော်လည်း ဂျွန်ဆင်သည် ညွှန်ကြားချက်များ ပေးနေဆဲဟု အစိုးရ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဂျွန်ဆင်သည် ဗိုင်းရပ်စ်ကူးစက်ခံရသည့် အထင်ရှားဆုံး ကမ္ဘာ့ခေါင်းဆောင်ဖြစ်သည်။ ကိုယ်ဝန်လွယ်ထားရသည့် ၎င်း၏အတူနေ လက်တွဲဖော် Carrie Symonds သည် ရောဂါလက္ခဏာ ဖြစ်ပွားခဲ့ပြီး ပြန်လည်နာလန်ထူလာပြီ ဖြစ်သော်လည်း စမ်းသပ်စစ်ဆေး မခံရသေးပေ။
ကျန်းမာရေးဝန်ကြီး Matt Hancock သည် COVID-19 ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး သီတင်းတစ်ပတ်ကြာ နေအိမ်တွင် နေထိုင်ခဲ့ပြီး ဧပြီ ၃ ရက်တွင် ရုံးပြန်တက်ပြီဖြစ်သည်။ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ခရစ်ဝှစ်တီတွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများ ပြသခဲ့သည်။ ဂျွန်ဆင်၏ အခြေအနေသည် ကောင်းမွန်ပြီး ပျော်ပျော်ရွှင်ရွှင်ရှိကြောင်း Hancock က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။ သီးခြားနေထိုင်ရန်အတွက် အစိုးရက အကြံပေးထားမှုကို ဂျွန်ဆင်က သတိထား လိုက်နာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဆရာဝန်များသည် ဂျွန်ဆင်၏ အဆုတ်နှင့် နှလုံးကို စစ်ဆေးမည်ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျွန်ဆင် ပြန်လည်နာလန်ထူလာမည်ဟု ယုံယုံကြည်ကြည် မျှော်လင့်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်သည် ၎င်း၏မိတ်ဆွေဖြစ်ပြီး ထူးချွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇,၈၀၆ ဦးရှိပြီး သေဆုံးသူ ၄,၉၃၄ ဦးရှိသည်ဟု အတည်ပြုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
