ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံး ဖြစ်ခဲ့သော ဥရောပနိုင်ငံများဖြစ်သည့် အီတလီနှင့် စပိန်တွင် ဧပြီ ၆ ၌ တိုးတက်မှု လက္ခဏာများ မြင့်တွေ့ခဲ့ရပြီး သေဆုံးသူဦးရေ ၁၀,၀၀၀ နီးပါး ကပ်လာသော အမေရိကန်သည် ‘ပုလဲဆိပ်ကမ်း’ ဖြစ်စဉ်မျိုးအတွက် ပြင်ဆင်နေရပြီဖြစ်သည်။
ကမ္ဘာ၏ နေရာတိုင်းကို ပျံ့နှံ့ကူးစက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာရှိ လူဦး ရေ၏ ထက်ဝက်နီးပါးသည် နေအိမ်တွင် ကန့်သတ်နေထိုင် နေကြရသည်။
အီတလီတွင် ဧပြီ ၅ ၌ ၅၂၅ ဦး သေဆုံးခဲ့သဖြင့် သီတင်းပတ် နှစ်ပတ်အတွင်း သေဆုံးမှုနှုန်း အနိမ့်ဆုံးနေ့ဖြစ်ခဲ့ပြီး စပိန်တွင်လည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု သုံးရက်ဆက်တိုက် ကျဆင်းခဲ့သည်။ စပိန်တွင် ဧပြီ ၅ က ၆၇၄ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၂,၄၁၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၁၃၀,၇၅၉ ထိ ရှိခဲ့ပြီးနောက် လွန်ခဲ့သည့် ၁၀ ရက်ကထက် ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စပိန်ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းများက ဆိုသည်။
ပြင်သစ်တွင်လည်း ဧပြီ ၅ ၌ ၃၅၇ ဦး သေဆုံးခဲ့ပြီး သီတင်းပတ် တစ်ပတ်အတွင်း လူသေဆုံးမှု အနိမ့်ဆုံးနေ့ ဖြစ်ခဲ့သည်။ လူအချင်းချင်း ခွာခွာကင်းကင်း နေထိုင်ခြင်း ကန့်သတ်ချက်များနှင့် နိုင်ငံလုံးဆိုင်ရာအဆင့် ကန့်သတ်ပိတ်ဆို့မှုများကို ဆက်လက်လိုက် နာကျင့်သုံးခြင်း မရှိလျှင် ရရှိထားသော တိုးတက်မှု ရလဒ်များ လွယ်လင့်တကူ ပြန်လည် ဆုံးရှုံးနိုင်ကြောင်း ခေါင်းဆောင်များက သတိပေးခဲ့သည်။
ဥရောပတွင် ဗိုင်းရပ်စ်ဆိုင်ရာ စာရင်းအင်းပြ မျဉ်းကွေးက ပြေဆင်းလာချိန်တွင် အမေရိကန်သည် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားကြရမည် ဖြစ်ကြောင်း အာဏာပိုင်များက သတိပေးခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အမေရိကန် အများစုရဲ့ ဘဝအတွက် အခက်ခဲဆုံးနဲ့ ဝမ်းနည်းစရာ အကောင်းဆုံး သီတင်းပတ် ဖြစ်လာတော့မှာပါ။ ဒါဟာ ကျွန်တော်တို့အတွက် ပုလဲဆိပ်ကမ်းဖြစ်ရပ် ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ၉/၁၁ ဖြစ်လာမှာပါ” ဟု အမေရိကန် ပြည်သူ့ကျန်းမာရေး တာဝန်ခံ ဂျရုန်းအဒမ်က Fox News သို့ ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုကို အဆိုးဆုံးခံခဲ့ရသော နယူးယောက်တွင် သေဆုံးသူ ၄,၁၅၉ ဦးအထိ မြင့်တက်ခဲ့ကြောင်း နယူးယောက် အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက ပြောကြားခဲ့သည်။ နေ့စဉ် သေဆုံးမှုနှုန်း ပထမဆုံးအကြိမ် ကျဆင်းခဲ့သော အခိုက်အတန့်က အပြောင်းအလဲ ဟုတ်၊ မဟုတ် ပြောရန် စောလွန်းသေးကြောင်း ကူမိုက ပြောခဲ့သည်။
အဆိုးဆုံးအခြေအနေ မရောက်သေးကြောင်း ကူမိုက ဧပြီ ၄ တွင် သတိပေးခဲ့ပြီး လိုင်စင်ရ ဆေးပညာဝန်ထမ်းများ လုပ်အားပေး ဆောင်ရွက်ကြရန် နယူးယောက်စီးတီးတွင် လှု့ံဆော်ခဲ့သည်။ ဗိုင်းရပ်စ်ကာကွယ်ရေး တိုက်ပွဲတွင် မပါဝင်ရသေးသူများအား အလိုရှိကြောင်း မြို့တော်ဝန် ဘီဒီဘလာစီယိုက ပြောကြားခဲ့သည်။
ထိတ်လန့်ဖွယ် သေဆုံးမှုနှုန်းကို ကြုံရနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ၂၄ နာရီအတွင်း အမေရိကန် ၁,၂၀၀ ကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောကြားခဲ့သည်။
နယူးယောက်ကို ကူညီရန်အတွက် ဆရာဝန်နှင့် သူနာပြု အများစုပါဝင်သည့် စစ်ဘက်ဆေးဝန်ထမ်း ၁,၀၀၀ ကို တပ်ဖြန့်သွားမည် ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
