ပြင်သစ်နိုင်ငံသည် ရောဂါလက္ခဏာများ ပြင်းထန်သည့် လူနာများကို ကုသရန် ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ အသက်ရှင်ကျန်သူများထံမှ သွေးရည်ကြည်များကို သွင်းပေးခြင်းအပါအဝင် စမ်းသပ်ကုသမှုများအား စ တင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ အင်စတီကျူးရှင်းများက ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။
လူပေါင်း ၆၀,၀၀၀ ကျော်ကို သေဆုံး စေခဲ့ပြီးဖြစ်သည့် ကူးစက်ရောဂါအတွက် ကုထုံးနှင့် ကာကွယ်ဆေး ဖွံ့ဖြိုးလာရန် ဆေးဝါးကုမ္ပဏီများက ယှဉ်ပြိုင်လျက်ရှိသည်။
ရောဂါဖြစ်ပွားပြီးနောက် ပဋိပစ္စည်းများ များပြားစွာ ပါဝင်နေသည့် သွေးရည်ကြည်များက အီဘိုလာနှင့် SARS တို့အပါအဝင် ပိုးကြောင့် ဖြစ်ပွားသော ရောဂါများ ကို ကုသရာ၌ ထိရောက်မှုရှိကြောင်း အတိုင်း အတာသေးငယ်သည့် လေ့လာချက်များဖြင့် သက်သေပြနိုင်ခဲ့ပြီးဖြစ်သည်။
ပြင်သစ်နိုင်ငံသည် စမ်းသပ်ကုသမှုများကို ဧပြီ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း ပါရီဆေးရုံအာဏာပိုင်အဖွဲ့ (AP-HP) ၊ အမျိုးသားဆေးဝါးသုတေသနဌာန (INSERM) နှင့် အမျိုးသားသွေးဝန်ဆောင်မှုဌာန (EFS) တို့၏ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
“ဒီစမ်းသပ်ကုသမှုမှာ COVID-19 ကနေ နာလန်ထလာတဲ့ လူနာတွေဆီက ဗိုင်းရပ်စ်ကို တိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ ပါဝင်တဲ့ သွေးရည်ကြည်ကို COVID-19 ခံ စားနေရတဲ့ လူနာဆီ ကိုယ်ခံအားလွှဲပြောင်း ပေးမှုအဖြစ် သွင်းပေးတာ ပါဝင်ပါမယ်” ဟု ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
“နာလန်ထလာတဲ့ လူတွေဆီက သွေးရည်ကြည်မှာ သူတို့ဆီက ပိုးတွေကြောင့် ဖွံ့ ဖြိုးလာတဲ့ ပဋိပစ္စည်းတွေ ပါဝင်ပါတယ်။ အဲ ဒီပဋိပစ္စည်းတွေက ရောဂါရဲ့လက်ငင်းအဆင့်တစ်ရပ်မှာ ရှိနေတဲ့ လူနာတွေအတွက် ဗိုင်းရပ်စ်ကို တိုက်ခိုက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်က ပြောကြားထားသည်။
စမ်းသပ်ကုသမှုတွင် ပါရီမြို့ရှိ ဆေးရုံ များမှ လူနာပေါင်း ၆၀ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့သည် ပြန်လည်နာလန်ထလာသူများထံမှ သွေးရည်ကြည်များကို လက်ခံရရှိမည်ဖြစ်သည်။
ပထမဆုံးရလဒ်များကို စမ်းသပ်ကုသမှု စတင်ပြီးနောက် သီတင်းနှစ်ပတ်မှ သုံးပတ်အတွင်း သိရှိရမည်ဟု ဆိုသည်။
အမေရိကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်ရန် ဗျူဟာအဖြစ် စမ်းသပ်ရန် သမားတော်များကို အခွင့်အာဏာ ပေး ထားပြီးဖြစ်သည်။ ယင်းစမ်းသပ်မှုများကို တရုတ်နိုင်ငံ၌လည်း လုပ်ဆောင်နေသည်။
ဧပြီ ၄ ရက်တွင် ပြင်သစ်၌ သေဆုံးသူ ၄၄၁ ဦး ထပ်မံပေါ်ထွက်လာခဲ့ပြီး ယခင်နေ့ က စံချိန်တင်အရေအတွက် ၅၈၈ ဦးထက် လျော့ကျသွားခဲ့သည်။ စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၇,၅၆၀ ဦး ရှိသွားပြီဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် ရောဂါကူးစက်ခံရ သည်ဟု အတည်ပြုပြီးသူ ၆၈,၆၀၅ ဦး ရှိပြီး ရောဂါပိုးစစ်ဆေးဖော်ထုတ်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်ထားခြင်းမဟုတ်သော ကြောင့် စုစုပေါင်းဟု မဆိုနိုင်ဟု ဆိုသည်။
ပြင်သစ်နိုင်ငံတွင် မတ် ၁၇ ရက်က တည်းက Lockdown ချထားခဲ့ပြီး မဖြစ်မနေ ခရီးသွားရမှုများကိုသာ ခွင့်ပြုထားသည်။
ဧပြီ ၄ ရက်အထိ ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ထားရသူပေါင်း ၂၈,၁၄၃ ဦး ရှိနေပြီး ယမန်နေ့ကထက် ၇၁၁ ဦး တက်လာသည်။ ယင်းတို့အနက် လူနာ ၆,၈၃၈ ဦးကို အထူးကြပ်မတ်စောင့်ရှောက် ကုသရေးခန်းများ၌ ထားရပြီး နေ့စဉ် အ သက်အန္တရာယ် စိုးရိမ်ရသည့် လူနာတိုးနှုန်း မှာ ၁၇၆ ဦး ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
