၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အပြီးတွင် ရာနှုန်းပြည့် အနိုင်ရသည့်အသင်းအဖြစ် လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိပြီး ဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ပွဲစဉ် (၄) ကို နိုဝင်ဘာ ၅၊ ၆ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်းများအနက် မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့သည်။
ရေပန်းစားနေသည့်အသင်းများအနက် လီဗာပူးလ်အသင်းက အသင်းကွင်းလယ်လူဟောင်း အလွန်ဆိုကိုင်တွယ်နေသည့် လေဗာကူဆင်အသင်းကို အိမ်ကွင်း၌ (၄-၀) ဂိုး၊ ဘာစီလိုနာအသင်းက ဇဗက်ဒါအသင်းကို အဝေးကွင်း၌ (၅-၂) ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းက ဘင်ဖီကာအသင်းကို အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
သို့ဖြစ်ရာ ပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်အနိုင်ရသည့်အသင်းအဖြစ် လီဗာပူးလ်တစ်သင်းတည်းသာ ကျန်ရှိတော့ပြီး (၄)ပွဲနိုင်၊ (၁၂) မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။
၎င်း၏နောက်တွင် စပို့တင်းလစ္စဘွန်း၊ မိုနာကို၊ ဘရက်စ်နှင့် အင်တာမီလန်အသင်းတို့က (၁၀) မှတ်စီ၊ ဘာစီလိုနာ၊ ဒေါ့မွန်နှင့် ဗီလာအသင်းတို့က (၉)မှတ်စီဖြင့် အစဉ်လိုက်ရပ်တည်နေသည်။
ထို့နောက် အတ္တလန်တာက ရှစ်မှတ်၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ လေဗာကူဆင်၊ လိုင်လီ၊ ဆဲလ်တစ်၊ ဒိုင်နမိုဇာဂရက်တို့က ခုနစ်မှတ်စီ၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်၊ ဘင်ဖီကာ၊ အေစီမီလန်၊ ဖီယင်နု၊ ကလပ်ဘရုဂေး၊ အက်သလက်တီကိုတို့က ခြောက်မှတ်စီ ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
