■ ဒီယွန်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရမည်ကို ဘာစီလိုနာအသင်း စိုးရိမ်နေ
24htopnews | November 8, 2024 4:12 PM CST
ဘာစီလိုနာအသင်းသည် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဒီယွန်း(၂၇ နှစ်)ကို ၂၀၁၉ ခုနှစ်တွင် အေဂျက်စ်အသင်းထံမှ ယူရို(၇၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ဖရန်ကီဒီယွန်းအား အသင်း၏ သော့ချက်ကစားသမားအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
သို့သော် ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိဘဲ ပြောင်းရွှေ့ ကြေးအလွတ်ဖြင့် ထွက်ခွာလိုနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ဖရန်ကီဒီယွန်းအား ခေါ်ယူရန် မန်ယူအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
