■ အမ်ဘူမို၏ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)ဟု ဘရန့်ဖို့ဒ်အသင်း သတ်မှတ်
24htopnews | November 8, 2024 4:12 PM CST
ဘရန့်ဖို့ဒ်အသင်းသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများစွာ စိတ်ဝင်စားနေသည့် ကင်မရွန်းတိုက်စစ်ကစားသမား အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)ဟု သတ်မှတ်လိုက်ကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ အမ်ဘူမိုသည် ၂၀၁၉ နွေရာသီတွင် ပြင်သစ်ကလပ် ထရွိုင်စ်အသင်းမှ ဘရန့်ဖို့ဒ်အသင်းထံသို့ ပေါင် (၅.၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၉) ပွဲတွင် (၈) ဂိုးအထိ သွင်းယူထားသည်။
ထို့ကြောင့် လက်ရှိတွင် အမ်ဘူမိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် လီဗာပူးလ်၊ အာဆင်နယ်နှင့် နယူး ကာဆယ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် လီဗာပူးလ်က ၎င်းကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံးအသင်းအဖြစ် သတင်းထွက်နေသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
