လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသော ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာသည် ဝက်စ်ဟမ်းအသင်းသို့ ရောက်ရှိရန် နီးစပ်နေကြောင်း သတင်းထွက်နေသည်။
ဝက်စ်ဟမ်းအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် နည်းပြ ဒေးဗစ်မွိုက်စ်နှင့် လမ်းခွဲပြီး စပိန်လူမျိုးနည်းပြ လိုပယ်တယ်ဟီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
သို့သော် ဝက်စ်ဟမ်းအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) အပြီးတွင် ရမှတ် (၁၁) မှတ်ဖြင့် အဆင့် (၁၄) နေရာအထိ ရောက်ရှိနေသည်။
ထို့ကြောင့် ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် လက်ရှိ အသင်းနည်းပြ လိုပယ်တယ်ဟီကို ရာထူးမှထုတ်ပယ်၍ နည်းပြသစ် အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းနည်းပြ လိုပယ်တယ်ဟီ၏နေရာကို ဆက်ဆံမည့်သူအဖြစ် ချယ်လ်ဆီးနည်းပြဟောင်းများဖြစ်သည့် ဂရေဟမ်ပေါ်တာနှင့် လမ်းပတ်တို့ အပြိုင်ရေပန်းစားနေကြောင်း သိရသည်။
သို့သော် ယခုအခါ ဗြိတိန်မီဒီယာများက ဝက်စ်ဟမ်းအနေဖြင့် လိုပယ်တယ်ဟီ၏နေရာတွင် ဂရေဟမ်ပေါ်တာကို အစားထိုးဖွယ်ရှိကြောင်း ဖော်ပြနေကြသည်။
အဆိုပါအပြောင်းအလဲကို လာမည့်နိုင်ငံတကာရက်သတ္တပတ်အတွင်း ပြုလုပ်ဖွယ်ရှိကြောင်းလည်း မီဒီယာအချို့က ထင်ကြေးပေးနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
